Honor Play နဲ႔ Honor 9i စမတ္ဖုန္းသစ္ေတြကို Huawei မိတ္ဆက္

[Zawgyi]

လက္ရွိမွာ gaming ဖုန္းေတြဟာ ေခတ္စားေနေပမယ့္ ေဈးကြက္တစ္ခုမွာပဲ ရည္ရြယ္ေရာင္းခ်ေနၾကပါတယ္။ အခုအခါမွာေတာ့ Huawei ရဲ႕ Honor အမွတ္တံဆိပ္က ေဈးႏႈန္းသင့္တင့္တဲ့ gaming ဟန္းဆက္ အျဖစ္ Honor Play ကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္လိုက္ပါတယ္။

Honor Play

Honor Play စမတ္ဖုန္းကို ေဒၚလာ ၃၁၀ နဲ႔ညီမွ်တဲ့ ယြမ္၂,၀၀၀ နဲ႔စတင္ေရာင္းခ်မွာျဖစ္ပါတယ္။ ဒီစမတ္ဖုန္းမွာ Kirin 970 chipset ပါဝင္လာၿပီး စြမ္းေဆာင္ရည္ကို ျမႇင့္တင္ဖုိ႔ GPU Turbo ထည့္သြင္းထားပါတယ္။
႐ုပ္ထြက္ပုိင္းကို ေဖာ္ျပဖုိ႔အတြက္ ၆.၃ လက္မ 19:9 aspect ratio မ်က္ႏွာျပင္ပါဝင္ၿပီး ႐ုပ္ထြက္အရည္အေသြးက 1,080x 2,280 ရွိပါတယ္။ Huawei ရဲ႕ Histen အသံပုိင္းဆိုင္ရာ နည္းပညာကို 3D game အသံပိုင္းေတြအတြက္ ေထာက္ပံ့ထားၿပီး 7.1 channel virtualization ပါဝင္လာပါတယ္။
 Honor Play
RAM 4GB နဲ႔ storage 64GB ပါဝင္တဲ့ Honor Play ေမာ္ဒယ္ကို ယြမ္ ၂,၀၀၀ နဲ႔ေရာင္းခ်သြားမွာ ျဖစ္ၿပီး RAM 6GB ပါဝင္တဲ့ ေမာ္ဒယ္ကို ယြမ္ ၂,၄၀၀ (ေဒၚလာ ၃၇၅) နဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။
Honor Play မွာ 3,750 mAh ဘက္ထရီ ပါဝင္ပါတယ္။ ဒီဘက္ထရီဟာ သာမန္စံသတ္မွတ္ခ်က္ထက္ ႀကီးၿပီး ZTE ရဲ႕ gaming ဖုန္းျဖစ္တဲ့ nubia Red Magic ဘက္ထရီအရြယ္နီးပါး ရွိပါတယ္။ Honor Play ဟာ Android 8.1 Oreo စတင္ပါဝင္လာတဲ့ ပထမဆုံး Honor စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

Honor Play စမတ္ဖုန္းမွာ ႐ႈခင္းေပါင္း ၅၀၀ ေက်ာ္ကို မွတ္သားေပးႏိုင္တဲ့ 16MP+ 2 MP ေက်ာဘက္ကင္မရာႏွစ္ခု ပါဝင္ၿပီး Kirin ရဲ႕ AI core ျဖစ္တဲ့ NPU ေထာက္ပံ့မႈ ပါဝင္လာပါတယ္။ ဖုန္းရဲ႕ selfie ကင္မရာက 16MP ျဖစ္ၿပီး iPhone လိုပဲ 3D portrait lighting ပါဝင္လာပါတယ္။

Honor Play ကို ႀကိဳတင္မွာယူႏိုင္ၿပီျဖစ္ၿပီး စမတ္ဖုန္းေရာင္းခ်မႈကို ဇြန္လ ၁၁ ရက္မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ Honor Play ကို အနက္နဲ႔ ခရမ္းေရာင္အျပင္ အထူး edition အျဖစ္ အနက္နဲ႔ အနီလည္း ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

Honor 9i

Honor 9i ရဲ႕မ်က္ႏွာျပင္ဟာ ေသးငယ္ၿပီး ၅.၈၄ လက္မ 19:9 aspect ratio ျဖစ္ပါတယ္။ ႐ုပ္ထြက္ရည္အေသြးက 1,080x 2,280 px ရွိပါတယ္။ Honor 9i မွာ Kirin 659 chipset ေထာက္ပံ့မႈ ပါဝင္သလို GPU Turbo နည္းပညာပါဝင္တဲ့အတြက္ ေငြေၾကးအနည္းငယ္ပဲ အသုံးျပဳမယ့္ gamer ေတြအတြက္ သင့္ေတာ္တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။

RAM 4GB/ Storage 64GB ပါဝင္တဲ့ Honor 9i ေမာ္ဒယ္ကို ယြမ္ ၁,၄၀၀ (ေဒၚလာ ၂၂၀) နဲ႔ေရာင္းခ်မွာ ျဖစ္သလို Storage 128GB/ RAM 4GB ပါဝင္တဲ့ေမာ္ဒယ္အတြက္ ယြမ္ ၁,၇၀၀ (ေဒၚလာ ၂၆၅) က်သင့္မွာ ျဖစ္ပါတယ္။ Honor 9i ကို အျပာ၊ ခရမ္း၊ နီညိဳနဲ႔ အနက္ဆိုၿပီး ထုတ္လုပ္သြားမွာ ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာ ဇြန္လ ၇ ရက္ကစၿပီး ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။

Honor 9i ေက်ာဘက္မွာ 13 MP+ 2 MP dual camera ပါဝင္ၿပီး Portrait mode နဲ႔႐ိုက္ကူးႏိုင္ပါတယ္။ ေရွ႕ကင္မရာက 16MP ျဖစ္ၿပီး AI ေထာက္ပံ့မႈေပးထားတဲ့ selfie အဆင့္ျမႇင့္တင္မႈနဲ႔ face unlock တုိ႔ ပါဝင္လာပါတယ္။

Honor 9i မွာေတာ့ Android 8.0 Oreo နဲ႔ EMUI 8.0 အျပင္ ဘက္ထရီ 3,000 mAh ပါဝင္လာပါတယ္။

စုိးထက္
Ref: GSMArena

 

[Unicode]

လက်ရှိမှာ gaming ဖုန်းတွေဟာ ခေတ်စားနေပေမယ့် ဈေးကွက်တစ်ခုမှာပဲ ရည်ရွယ်ရောင်းချနေကြပါတယ်။ အခုအခါမှာတော့ Huawei ရဲ့ Honor အမှတ်တံဆိပ်က ဈေးနှုန်းသင့်တင့်တဲ့ gaming ဟန်းဆက် အဖြစ် Honor Play ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။

Honor Play

Honor Play စမတ်ဖုန်းကို ဒေါ်လာ ၃၁၀ နဲ့ညီမျှတဲ့ ယွမ်၂,၀၀၀ နဲ့စတင်ရောင်းချမှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းမှာ Kirin 970 chipset ပါဝင်လာပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ GPU Turbo ထည့်သွင်းထားပါတယ်။
ရုပ်ထွက်ပိုင်းကို ဖော်ပြဖို့အတွက် ၆.၃ လက်မ 19:9 aspect ratio မျက်နှာပြင်ပါဝင်ပြီး ရုပ်ထွက်အရည်အသွေးက 1,080x 2,280 ရှိပါတယ်။ Huawei ရဲ့ Histen အသံပိုင်းဆိုင်ရာ နည်းပညာကို 3D game အသံပိုင်းတွေအတွက် ထောက်ပံ့ထားပြီး 7.1 channel virtualization ပါဝင်လာပါတယ်။

 Honor Play

RAM 4GB နဲ့ storage 64GB ပါဝင်တဲ့ Honor Play မော်ဒယ်ကို ယွမ် ၂,၀၀၀ နဲ့ရောင်းချသွားမှာ ဖြစ်ပြီး RAM 6GB ပါဝင်တဲ့ မော်ဒယ်ကို ယွမ် ၂,၄၀၀ (ဒေါ်လာ ၃၇၅) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
Honor Play မှာ 3,750 mAh ဘက်ထရီ ပါဝင်ပါတယ်။ ဒီဘက်ထရီဟာ သာမန်စံသတ်မှတ်ချက်ထက် ကြီးပြီး ZTE ရဲ့ gaming ဖုန်းဖြစ်တဲ့ nubia Red Magic ဘက်ထရီအရွယ်နီးပါး ရှိပါတယ်။ Honor Play ဟာ Android 8.1 Oreo စတင်ပါဝင်လာတဲ့ ပထမဆုံး Honor စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Honor Play စမတ်ဖုန်းမှာ ရှုခင်းပေါင်း ၅၀၀ ကျော်ကို မှတ်သားပေးနိုင်တဲ့ 16MP+ 2 MP ကျောဘက်ကင်မရာနှစ်ခု ပါဝင်ပြီး Kirin ရဲ့ AI core ဖြစ်တဲ့ NPU ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဖုန်းရဲ့ selfie ကင်မရာက 16MP ဖြစ်ပြီး iPhone လိုပဲ 3D portrait lighting ပါဝင်လာပါတယ်။

Honor Play ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး စမတ်ဖုန်းရောင်းချမှုကို ဇွန်လ ၁၁ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Honor Play ကို အနက်နဲ့ ခရမ်းရောင်အပြင် အထူး edition အဖြစ် အနက်နဲ့ အနီလည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Honor 9i

Honor 9i ရဲ့မျက်နှာပြင်ဟာ သေးငယ်ပြီး ၅.၈၄ လက်မ 19:9 aspect ratio ဖြစ်ပါတယ်။ ရုပ်ထွက်ရည်အသွေးက 1,080x 2,280 px ရှိပါတယ်။ Honor 9i မှာ Kirin 659 chipset ထောက်ပံ့မှု ပါဝင်သလို GPU Turbo နည်းပညာပါဝင်တဲ့အတွက် ငွေကြေးအနည်းငယ်ပဲ အသုံးပြုမယ့် gamer တွေအတွက် သင့်တော်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

RAM 4GB/ Storage 64GB ပါဝင်တဲ့ Honor 9i မော်ဒယ်ကို ယွမ် ၁,၄၀၀ (ဒေါ်လာ ၂၂၀) နဲ့ရောင်းချမှာ ဖြစ်သလို Storage 128GB/ RAM 4GB ပါဝင်တဲ့မော်ဒယ်အတွက် ယွမ် ၁,၇၀၀ (ဒေါ်လာ ၂၆၅) ကျသင့်မှာ ဖြစ်ပါတယ်။ Honor 9i ကို အပြာ၊ ခရမ်း၊ နီညိုနဲ့ အနက်ဆိုပြီး ထုတ်လုပ်သွားမှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာ ဇွန်လ ၇ ရက်ကစပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Honor 9i ကျောဘက်မှာ 13 MP+ 2 MP dual camera ပါဝင်ပြီး Portrait mode နဲ့ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာက 16MP ဖြစ်ပြီး AI ထောက်ပံ့မှုပေးထားတဲ့ selfie အဆင့်မြှင့်တင်မှုနဲ့ face unlock တို့ ပါဝင်လာပါတယ်။

Honor 9i မှာတော့ Android 8.0 Oreo နဲ့ EMUI 8.0 အပြင် ဘက်ထရီ 3,000 mAh ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena