Honor Note 10 ကို မကြာခင် ပွဲထုတ်မိတ်ဆက်မယ့် Huawei

[ Zawgyi ]




-နောင်နောင်
Ref: GSMArena

[ Unicode ]

Huawei ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ Note 10 flagship ကို မကြာခင် ပွဲထုတ်မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ကြေညာမယ့်ရက်ကို မဖော်ပြထားပေမယ့် “မကြာခင်” မိတ်ဆက်ကြေညာသွားမယ်လို့ Honor ရဲ့ Weibo account မှာ ဖော်ပြထားပါတယ်။

Honor ဟာ Note 9 ကိုကျော်ပြီး Note 10 ကို မကြာခင် ဘေကျင်းမှာ မိတ်ဆက်သွားမယ်ဆိုတဲ့ ကြော်ငြာပိုစတာတစ်ခုကို တင်ခဲ့ပါတယ်။

လက်ရှိမှာ Honor Note 10 နဲ့ပတ်သက်တဲ့ အချက်အလက် အနည်းငယ်ပဲ သိရသေးပြီး အရွယ်ကြီးမားတဲ့ ၆.၉ လက်မ Samsung display ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Honor 10 လိုပဲ Huawei ရဲ့ Kirin 970 chipset ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

-နောင်နောင်
Ref: GSMArena