
စျေးနှုန်း – ၁၄၉,၀၀၀ ကျပ်
အားသာချက်
သစ်လွင်တဲ့ဒီဇိုင်း၊ တောက်ပမှုရှိတဲ့ Display နဲ့ microSD ကနေ 1TB အထိ ထပ်တိုးသုံးနိုင်တာတွေက နှစ်သက်စရာပါ။ ကောင်းမွန်တဲ့ကင်မရာစနစ် အပြင် Face unlock စနစ်က တိကျကောင်းမွန်သလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
လက်ဗွေစနစ်တော့ ထောက်ပံ့ပါဝင်မှုမရှိပါဘူး။ ကင်မရာစနစ်က နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်လှပေမယ့် အလင်းအားနည်းတဲ့ low-light ရိုက်ကူးမှုပိုင်းက ဒီထက်ပိုကောင်းရင်တော့ ကျေနပ်စရာပါ။ bloatware တွေ built-in ပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။
စွမ်းဆောင်ရည်
ဒီဖုန်းမှာ အမြန်နှုန်း Quad-core 2.0 GHz ရှိတဲ့ 12nm အမျိုးအစား Mediatek MT6761 Helio A22 CPU ကို
အသုံးပြုထားပြီး RAM အနေနဲ့ 2GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32GB ပါဝင်ပါတယ်။ Android 9 အခြေခံထားတဲ့ EMUI 9 ကို အသုံးပြုထားပြီး လက်ဗွေလုံခြုံရေးစနစ် မပါဝင်ပေမယ့် မြန်ဆန်တဲ့ မျက်နှာပြင်နဲ့ ဖုန်းကို unlocl လုပ်နိုင်တဲ့ Face Unlock စနစ်ထောက်ပံ့ပါဝင်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
ကိုယ်ထည်တည်ဆောက်ထားမှုက လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး လက်တစ်ဖက်တည်း ကိုင်တွယ်အသုံးမှုအတွက် ကျေနပ်စရာပါ။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်ကို အသံ အတိုးအကျယ် ခလုတ်ရဲ့ အောက်ဘက်နားမှာ တပ်ဆင်ထားပြီး USB အားသွင်းပေါက်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ စပီကာနဲ့ နားကြပ်ပေါက်ကို ထည့်သွင်းထားပါတယ်။ ရှေ့ဘက်ကင်မရာကို notch ထဲမှာထည့်သွင်းထားပြီး ကျောဘက်ကင်မရာရဲ့ အောက်ဘက်မှာ LED flash မီးကို ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ ၁၄၆ ဂရမ် ရှိပြီး ကိုင်ရတာ ပေါ့ပါးတယ်လို့ ခံစားရပါတယ်။
၅.၇၁ လက်မရှိတဲ့ မျက်နှာပြင်က IPS LCD Display က 720×1520 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုရာခိုင်နှုန်းကတော့ ၇၈.၁ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19:9 ရှိပါတယ်။
ကင်မရာ
ကျောဘက်မှာ aperture f/1.8 ရှိတဲ့ 13MP ကင်မရာ တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ aperture f/2.2 ရှိတဲ့ 5MP ကင်မရာအမျိုးအစား ဖြစ်ပါတယ်။ ကင်မရာအတွက် PDAF စနစ်ထောက်ပံ့ပါဝင်ပြီး Beauty စနစ်၊ Pro mode အပြင် HDR ဓာတ်ပုံနဲ့ Panorama ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို 30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီ
3020mAh ပမာဏ ဘက်ထရီက Screen တောက်ပမှု ၅ဝ ရာခိုင်နှုန်းနဲ့ HD ဗီဒီယိုစမ်းသပ်မှုကို ၁၂ နာရီနဲ့ ၁၅ မိနစ်ခန့် အသုံးပြုနိုင်ပြီး ဖုန်းကို အားအပြည့်သွင်းဖို့တော့ ၂ နာရီဝန်းကျင်ခန့် ကြာမြင့်မှာဖြစ်ပါတယ်။ ဘက်ထရီက 3020mAh ပမာဏသာရှိပေမယ့် တစ်ရက်တာအသုံးပြုမှုအတွက် လုံလောက်မှုရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
သုံးသပ်ချက်
Honor 8S က ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်သလို မော်ဒန်ဒီဇိုင်းရှိတဲ့ entry-level စမတ်ဖုန်း ကို ကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ် မပါဝင်တာနဲ့ bloatware တွေပါဝင်တာကလွဲရင် entry-level ဖုန်းကို စတင် အသုံးပြုမယ့်သူတွေအတွက် သူ့ရဲ့ကင်မရာစနစ်က အဆင်ပြေလှသလို တစ်နေ့တာအတွက် လုံလောက်မှုရှိတဲ့ ဘက်ထရီကလည်း စမတ်ဖုန်းကို စတင်အသုံးပြုမယ့်သူတွေ၊ ဒီဇိုင်းလှပြီး ဈေးသက်သာတဲ့ ဘတ်ဂျက်ဖုန်းကို ကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ မိမိအနေနဲ့ ကင်မရာနှစ်လုံးပါတာကို လိုချင်တယ်ဆိုရင်တော့ ၁၅၉,၉ဝဝ ကျပ်တန် Tecno Spark 4 ဖုန်းနဲ့ ၁၄၉,ဝဝဝ ကျပ်တန် Realme C2 ဖုန်းတွေကို ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်။
GSM | LTE |
SIM | Dual SIM |
Display | IPS LCD capacitive touchscreen, 5.71 inch |
OS | Android 9.0 (Pie); EMUI 9 |
CPU | Mediatek MT6761 Helio A22 (12 nm) |
GPU | PowerVR GE8320 |
Camera | 13 MP (f/1.8), PDAF, LED flash, HDR; Panorama Front 5MP (f/2.2) |
Internal | 32 GB; RAM 2 GB, microSD, up to 1 TB |
Battery | Li-Po 3020 mAh |
Others | Wi-Fi 802.11 b/g/n, Bluetooth 5.0, Face Unlock |
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand On | ![]() |
Over all | ![]() |
-ရဲထွဋ်ဝင်း