Honor 20 Lite (Youth Edition) မှာ ကင်မရာ ၃ လုံးနဲ့ Kirin 710F SoC ပါဝင်

Huawei ရဲ့အမှတ်တံဆိပ်ခွဲတစ်ခု ဖြစ်တဲ့ Honor ဟာ Honor 20 Lite (Youth Edition) စမတ်ဖုန်းသစ်ကို ထုတ်ပြန်မိတ်ဆက်ခဲ့ပါတယ်။

စမတ်ဖုန်းမှာ ၆.၃ လက်မ 20:9 AMOLED display ပါဝင်ပြီး FullHD+ ရုပ်ထွက်အရည်အသွေးနဲ့ in-display fingerprint reader တို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ display ရှေ့ဘက်မှာ 16MP selfie ကင်မရာပါဝင်ပြီး f/2.0 aperture နဲ့ဖြစ်ပါတယ်။

Honor 20 Lite ရဲ့ကျောဘက်ကင်မရာမှာ 48MP အဓိက ကင်မရာနဲ့အတူ 8MP ultrawide (120-degree FOV) နဲ့ 2MP depth sensor အစိတ်အပိုင်းတွေ ပါဝင်လာပါတယ်။Honor 20 Lite (Youth Edition) မှာ Kirin 710F SoC နဲ့အတူ RAM 8GB နဲ့ storage 128GB တို့ပါဝင်လာပါတယ်။ ဖုန်းမှာ Android Pie အခြေခံ EMUI 9.1 ကို အသုံးပြုထားပါတယ်။ Honor 20 Lite မှာ အားသွင်းမြန်ဆန်တဲ့ 20W အားနဲ့ ဘက်ထရီ 4,000mAh ဖြစ်ပြီး အနက်၊ အစိမ်း၊ အပြာနဲ့ပန်းရောင် စပ်ထားတဲ့ မော်ဒယ်ကိုလည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Honor 20 Lite (Youth Edition) ရဲ့ 4GB/64GB ဗားရှင်းကို ဒေါ်လာ ၂၀၀ နဲ့ 6GB/64GB ဗားရှင်းကို ဒေါ်လာ၂၁၀ နဲ့ 6GB/128GB ဗားရှင်းကို ဒေါ်လာ ၂၄၀ နဲ့ရောင်းချပါမယ်။ ဒါ့အပြင် RAM 8GB နဲ့ storage 128GB မော်ဒယ်ကတော့ ဒေါ်လာ ၂၇၀ ကျသင့်မှာ ဖြစ်ပါတယ်။

Honor 20 Lite (Youth Edition) ကို အောက်တိုဘာ ၂၅ ရက်မှာ တရုတ်နိုင်ငံအတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena