HONOR 20 Lite စမတ္ဖုန္းကို ျပည္တြင္းေစ်းကြက္သို႔ မိတ္ဆက္

[ Zawgyi ]

HONOR 20 Lite ကို ျပည္တြင္းမွာ အျပာ (Phantom Blue)၊ အနီ (Phantom Red) အေရာင္ ၂ မ်ိဳးနဲ႔ ၾသဂုတ္ ၈ ရက္ မွစတင္ကာ ၀ယ္ယူႏုိင္မွာျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ စမတ္ဖုန္းရဲ႕ ေက်ာဘက္မ်က္ႏွာျပင္မွာ လႈပ္ရွားလိုက္တုိင္း ေတာက္ပလာမယ့္ dynamic prism-shaped အေရာင္ အသြင္သ႑ာန္ ပါရွိတယ္လို႔ ၾသဂုတ္လ ၇ ရက္က က်င္းပတဲ့ Honor 20 Lite မိတ္ဆက္ပြဲ အခမ္းအနားမွ သိရပါတယ္။

HONOR Myanmar ရဲ႕ ဥကၠ႒ျဖစ္သူ Mr. Bai Jing က “ျမန္မာႏုိင္ငံမွာ အခုလို HONOR 20 Lite စမတ္ဖုန္း အသစ္ကို မိတ္ဆက္ေပးႏုိင္ၿပီျဖစ္လို႔ ကၽြန္ေတာ္တို႔အေနနဲ႔ အရမ္းပဲ ၀မ္းသာမိပါတယ္။ ဒီဖုန္းက ဓာတ္ပုံ႐ိုက္တဲ့ ေနရာမွာ အံ့အားသင့္ေလာက္စရာ ပုံရိပ္ေတြကို ဖမ္းယူေပးႏုိင္ၿပီး Selfie ပုံေကာင္းေတြကို ႐ိုက္ကူးႏိုင္မွာျဖစ္သလို သူ႔ရဲ႕ ဒီဇုိင္းပုံစံကလည္း ေတာ္ေတာ္ေလး ၾကည့္လို႔ေကာင္းတဲ့ စတုိင္မ်ဳိးပါ။ ဒီဖုန္းမွာ ပါတဲ့ 32MP ရွိတဲ့ Selfie Master ကင္မရာက ေစ်းကြက္ထဲမွာ အေကာင္းဆုံး ဖုန္းတစ္လုံးလို႔ ဆိုႏုိင္သလုိ အခ်ိန္တုိင္းအတြက္ အဆင့္အတန္းျမင့္တဲ့ ဓာတ္ပုံအရည္အေသြးေတြကို ေပးစြမ္းႏုိင္မွာပါ။ ျမန္မာႏုိင္ငံက စမတ္ဖုန္းသုံးစြဲသူေတြအတြက္ ဓာတ္ပုံ႐ိုက္ကူးရာမွာ ကင္မရာသုံးလုံးရဲ႕ သာလြန္တဲ့ စြမ္းေဆာင္ရည္ပိုင္းကို သာမက ျမင့္မားတဲ့ မိုဘုိင္းဖုန္းအရည္အေသြး စတာေတြကို HONOR 20 Lite မွာ ျမင္ေတြ႔ရမွာျဖစ္ၿပီးေတာ့ သက္သာတဲ့ႏႈန္းနဲ႔ သုံးစြဲခြင့္ရေစမယ္လို႔လည္း ကၽြန္ေတာ္ယုံၾကည္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

HONOR 20 Lite မွာ ၆.၂၁ လက္မ Dewdrop notch ပါ၀င္တဲ့ FHD Display ကို တပ္ဆင္ထားၿပီး ႐ုပ္ထြက္အရည္အေသြး 1080×2340 pixel အထိ ေထာက္ပံ့ေပးႏုိင္ကာ ဖုန္းကိုယ္ထည္မွာ ျမင္ကြင္း ပါ၀င္မႈရာခုိင္ႏႈန္း ၉ဝ ရာခုိင္ႏႈန္း ရွိပါတယ္။ Octa-core အမ်ဳိးအစား Kirin 710 processor ကို အသုံးျပဳထားၿပီး GPU အေနနဲ႔ Mali G51 ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 4GB နဲ႔ အခ်က္အလက္သိုေလွာင္ႏုိင္မႈ 128 GB ပါ၀င္ပါတယ္။ ေက်ာဘက္မွာ Apeature f/1.8 ရွိတဲ့ 24 MP ကင္မရာ၊ Apeature f/2.4 ရွိတဲ့ 8MP ကင္မရာနဲ႔ Apeature f/2.4 ရွိတဲ့ 2MP ကင္မရာသုံးလုံး တပ္ဆင္ထားၿပီး ေရွ႕ဘက္ Selfie ကင္မရာကေတာ့ Apeature f/2.0 ရွိတဲ့ 32MP အမ်ဳိးအစားကင္မရာ ျဖစ္ပါတယ္။ ကင္မရာစနစ္အတြက္ AI နည္းပညာ၊ Super Night mode စနစ္ေတြ ေထာက္ပံ့ပါ၀င္သလို ၁၂၀ ဒီဂရီ ျမင္ကြင္းက်ယ္ဓာတ္ပုံေတြကို ႐ိုက္ကူးႏုိင္မွာျဖစ္ပါတယ္။ ဂိမ္းစနစ္အတြက္ GPU Turbe 2.0 နည္းပညာ ေထာက္ပံ့ပါ၀င္ပါတယ္။ Android OS 9.0 (pie) အေျခခံ EMUI 9.0 ကို ထည့္သြင္းထားၿပီး ဘက္ထရီကေတာ့ 3400mAh အမ်ဳိးအစားျဖစ္ပါတယ္။ လက္ေဗြလုံၿခဳံေရးစနစ္ ပါ၀င္ၿပီး ဒီဖုန္းရဲ႕ တန္ဖိုးကေတာ့ ၃၁၉,ဝဝဝ က်ပ္ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

HONOR 20 Lite ကို ပြည်တွင်းမှာ အပြာ (Phantom Blue)၊ အနီ (Phantom Red) အရောင် ၂ မျိုးနဲ့ သြဂုတ် ၈ ရက် မှစတင်ကာ ၀ယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စမတ်ဖုန်းရဲ့ ကျောဘက်မျက်နှာပြင်မှာ လှုပ်ရှားလိုက်တိုင်း တောက်ပလာမယ့် dynamic prism-shaped အရောင် အသွင်သဏ္ဍာန် ပါရှိတယ်လို့ သြဂုတ်လ ရ ရက်က ကျင်းပတဲ့ Honor 20 Lite မိတ်ဆက်ပွဲ အခမ်းအနားမှ သိရပါတယ်။

HONOR Myanmar ရဲ့ ဥက္ကဋ္ဌဖြစ်သူ Mr. Bai Jing က “မြန်မာနိုင်ငံမှာ အခုလို HONOR 20 Lite စမတ်ဖုန်း အသစ်ကို မိတ်ဆက်ပေးနိုင်ပြီဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အရမ်းပဲ ၀မ်းသာမိပါတယ်။ ဒီဖုန်းက ဓာတ်ပုံရိုက်တဲ့ နေရာမှာ အံ့အားသင့်လောက်စရာ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပြီး Selfie ပုံကောင်းတွေကို ရိုက်ကူးနိုင်မှာဖြစ်သလို သူ့ရဲ့ ဒီဇိုင်းပုံစံကလည်း တော်တော်လေး ကြည့်လို့ကောင်းတဲ့ စတိုင်မျိုးပါ။ ဒီဖုန်းမှာ ပါတဲ့ 32MP ရှိတဲ့ Selfie Master ကင်မရာက စျေးကွက်ထဲမှာ အကောင်းဆုံး ဖုန်းတစ်လုံးလို့ ဆိုနိုင်သလို အချိန်တိုင်းအတွက် အဆင့်အတန်းမြင့်တဲ့ ဓာတ်ပုံအရည်အသွေးတွေကို ပေးစွမ်းနိုင်မှာပါ။ မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေအတွက် ဓာတ်ပုံရိုက်ကူးရာမှာ ကင်မရာသုံးလုံးရဲ့ သာလွန်တဲ့ စွမ်းဆောင်ရည်ပိုင်းကို သာမက မြင့်မားတဲ့ မိုဘိုင်းဖုန်းအရည်အသွေး စတာတွေကို HONOR 20 Lite မှာ မြင်တွေ့ရမှာဖြစ်ပြီးတော့ သက်သာတဲ့နှုန်းနဲ့ သုံးစွဲခွင့်ရစေမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

HONOR 20 Lite မှာ ၆.၂၁ လက်မ Dewdrop notch ပါ၀င်တဲ့ FHD Display ကို တပ်ဆင်ထားပြီး ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ကာ ဖုန်းကိုယ်ထည်မှာ မြင်ကွင်း ပါ၀င်မှုရာခိုင်နှုန်း ၉ဝ ရာခိုင်နှုန်း ရှိပါတယ်။ Octa-core အမျိုးအစား Kirin 710 processor ကို အသုံးပြုထားပြီး GPU အနေနဲ့ Mali G51 ထောက်ပံ့ပါ၀င်ပါတယ်။ RAM 4GB နဲ့ အချက်အလက်သိုလှောင်နိုင်မှု 128 GB ပါ၀င်ပါတယ်။ ကျောဘက်မှာ Apeature f/1.8 ရှိတဲ့ 24 MP ကင်မရာ၊ Apeature f/2.4 ရှိတဲ့ 8MP ကင်မရာနဲ့ Apeature f/2.4 ရှိတဲ့ 2MP ကင်မရာသုံးလုံး တပ်ဆင်ထားပြီး ရှေ့ဘက် Selfie ကင်မရာကတော့ Apeature f/2.0 ရှိတဲ့ 32MP အမျိုးအစားကင်မရာ ဖြစ်ပါတယ်။ ကင်မရာစနစ်အတွက် AI နည်းပညာ၊ Super Night mode စနစ်တွေ ထောက်ပံ့ပါ၀င်သလို ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဂိမ်းစနစ်အတွက် GPU Turbe 2.0 နည်းပညာ ထောက်ပံ့ပါ၀င်ပါတယ်။ Android OS 9.0 (pie) အခြေခံ EMUI 9.0 ကို ထည့်သွင်းထားပြီး ဘက်ထရီကတော့ 3400mAh အမျိုးအစားဖြစ်ပါတယ်။ လက်ဗွေလုံခြုံရေးစနစ် ပါ၀င်ပြီး ဒီဖုန်းရဲ့ တန်ဖိုးကတော့ ၃၁၉,ဝဝဝ ကျပ်ဖြစ်ပါတယ်။