Honor ဖုန်းလုပ်ငန်းရောင်းချမယ့် Huawei

Huawei ဟာ လူငယ်တွေအတွက် အလယ်အလတ်တန်းစားဖုန်းထုတ်လုပ်တဲ့ Honor ဖုန်းလုပ်ငန်းကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Huawei က ကြီးမားတဲ့ ဖိအားနဲ့ မိုဘိုင်းလုပ်ငန်းအတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေ ရနိုင်ဖို့ ခဲယဉ်းတာကြောင့် Honor လုပ်ငန်း ဆက်လက်ရပ်တည်နိုင်ဖို့ လုပ်ငန်းကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

Honor ထုတ်ကုန်တွေဟာ Huawei ကိုယ်ပိုင်နည်းပညာအပေါ်မှာ အမှီပြုထားပါတယ်။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေနဲ့ Huawei ကုန်သွယ်ခွင့်မရအောင် အမေရိကန်အစိုးရ တားဆီးထားတာကြောင့် အထိနာခဲ့ပါတယ်။ V30 ဖုန်းတွေဟာ Huawei ရဲ့ P40 flagship မှာပါဝင်တဲ့ Kirin 990 ပရိုဆက်ဆာကိုပဲ အသုံးပြုထားပါတယ်။ Honor ဟာ ပိုင်ရှင်သစ်အောက် ထုတ်ကုန်ဖန်တီးရာမှာ ပိုမိုလွတ်လပ်လာနိုင်ပြီး Qualcomm နဲ့ Google တို့နဲ့လည်း သဘောတူညီမှု ပြန်လည်ရယူနိုင်ပါမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««