Honor စမတ်ဖုန်းလုပ်ငန်းကို ရောင်းချဖို့ Huawei ဆွေးနွေးနေ

Huawei Technologies ကုမ္ပဏီဟာ Honor စမတ်ဖုန်းလုပ်ငန်းကို အစိတ်အပိုင်းကို ရောင်းချဖို့ Digital China Group နဲ့အခြားကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပါတယ်။ Huawei ဟာ Honor စမတ်ဖုန်းလုပ်ငန်း ရောင်းချမှုကနေ ယွမ် ၂၅ ဘီလျံ (ဒေါ်လာ ၃.၇ ဘီလျံ) အထိရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

Huawei ဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုခံထားရပြီး လူငယ်တွေနဲ့ ဘတ်ဂျက်ဖုန်း ထုတ်လုပ်တဲ့ Honor အမှတ်တံဆိပ်ဖုန်းတွေ ထုတ်လုပ်ဖို့ထက် တန်ဖိုးကြီး Huawei ဖုန်းတွေ ထုတ်လုပ်ဖို့ အာရုံစိုက်သွားမယ်လို့ သတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

Honor အမှတ်တံဆိပ် ပါဝင်တဲ့ လုပ်ငန်းရောင်းချမှုကိုတော့ အပြီးမသတ်သေးပေမယ့် ရောင်းချမယ့်ထဲမှာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာနနဲ့ ဆက်စပ် supply chain စီမံလုပ်ငန်းတွေ ပါဝင်လာပါတယ်။

Digital China ကုမ္ပဏီကတော့ Honor ဖုန်းတွေ အဓိကဖြန့်ချိနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Honor လုပ်ငန်းကို ဝယ်ယူဖို့ ရေပန်းစားနေတာကတော့ တရုတ်အီလက်ထရောနစ်ကုမ္ပဏီ TCL နဲ့ Xiaomi ကော်ပိုရေးရှင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: Reuters

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««