Honda Y.E.S Award 2020 လျှောက်လွှာခေါ်ယူ

Honda Foundation နဲ့ မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA) တို့မှ ပူးပေါင်းပေးအပ်တဲ့ Honda Y.E.S Award 2020 အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

အဆိုပါဆုကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (မန္တလေး) များမှ ပဉ္စမနှစ် (သို့) နောက်ဆုံးနှစ် ပညာသင်ကြားလျက်ရှိပြီး အသက် (၂၅) နှစ် (သို့) (၂၅) နှစ်အောက် ကျောင်းသား/ကျောင်းသားများ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာလက်ခံရက်နဲ့ နေရာကို သက်ဆိုင်ရာ မိမိတက္ကသိုလ်တွေမှာ စုံစမ်းမေးမြန်းရမှာ ဖြစ်ပြီး ပဏာမအဆင့် ရွေးချယ်ခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်များက ပြုလုပ်မှာဖြစ်ပါတယ်။ ပဏာမအဆင့် ရွေးချယ်ခံရတယ်လို့ သိရှိပြီးတဲ့ ကျောင်းသား/သူ (၁၀) ဦး က သြဂုတ် ၁၄ ရက် နောက်ဆုံးထားကာ MAJA ရုံးခန်းကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့် ရွေးချယ်ခြင်းအတွက် စာစီစာကုံးကို မြန်မာဘာသာနဲ့ ဖြေဆိုရမှာဖြစ်ပြီး မန္တလေးနည်းပညာတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ် (မန္တလေး) တို့မှ ကျောင်းသား/သူတွေဟာ MAJA (Mandalay Branch) မှာ ဖြေဆိုရမှာပါ။ ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား/သူတွေကတော့ MAJA မှာဖြေဆိုရမှာပါ။ တတိယအဆင့် ရွေးချယ်ခြင်းအတွက် စာစီစာကုံးကို အင်္ဂလိပ်ဘာသာနဲ့ ဖြေဆိုရမှာဖြစ်ပါတယ်။

ဒုတိယအဆင့် အောင်မြင်တဲ့ ကျောင်းသား/သူ များအားလုံးဟာ MAJA မှာဖြေဆိုရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် လူတွေ့စစ်ဆေးခြင်းကို အင်္ဂလိပ်ဘာသာနဲ့ ဖြေဆိုရမှာဖြစ်ပြီး တတိယအဆင့် အောင်မြင်သူ ကျောင်းသား/သူများအားလုံးဟာလည်း MAJA မှာဖြေဆိုရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက – MAJA ရုံးခန်းအမှတ် ၂ဘီ(၄)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ ၊ ဖုန်း – ၀၉၄၂၈၆၁၂၁၅၁ နဲ့ ၀၉၂၆၂၆၀၂၁၂၁ ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ