Honda Y.E.S Award 2018 ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

Honda Foundation ႏွင့္ ျမန္မာႏိုင္ငံ ဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း(MAJA) တို႔မွ ပူးေပါင္းေပးအပ္ေသာ Honda Y.E.S Award 2018 ကို ဇြန္လ ၁၁ ရက္မွ စတင္ေလွ်ာက္ထားႏုိင္တယ္လုိ႔ သိရပါတယ္။

အဆိုပါဆုကုိ ရန္ကုန္နည္းပညာတကၠသိုလ္၊ မႏၱေလးနည္းပညာတကၠသုိလ္၊ ရန္ကုန္အေနာက္ပိုင္း နည္းပညာတကၠသိုလ္၊ နည္းပညာတကၠသိုလ္ (သန္လ်င္)၊ နည္းပညာတကၠသိုလ္ (ေမွာ္ဘီ)၊ နည္းပညာတကၠသိုလ္ (မႏၱေလး) မ်ားမွ ပဥၥမႏွစ္ (သို႔) ေနာက္ဆံုးႏွစ္ ပညာသင္ၾကားလွ်က္ရွိၿပီး အသက္ (၂၅) ႏွစ္ (သို႕) (၂၅) ႏွစ္ေအာက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေလွ်ာက္ထားႏုိင္ပါတယ္။

ေလွ်ာက္လႊာေတြကုိ သက္ဆိုင္ရာ မိမိတကၠသိုလ္ေတြမွာ ဇြန္လ ၂၉ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။
ပဏာမအဆင့္ ေရြးခ်ယ္ျခင္းကို သက္္ဆိုင္ရာတကၠသိုလ္မ်ားက ျပဳလုပ္မွာျဖစ္ၿပီး ပဏာမအဆင့္ ေရြးခ်ယ္ခံရသည္ဟု သိရွိၿပီးေသာ ေက်ာင္းသား/သူ (၁၀)ဦး က ဇူလိုင္လ ၁၃ ရက္ေန႔မတိုင္မီ MAJA ႐ံုးခန္းကို ဆက္သြယ္ရမွာျဖစ္ပါတယ္။ ဒုတိယအဆင့္ ေရြးခ်ယ္ျခင္း စာစီစာကံုး (ျမန္မာဘာသာ) ျဖင့္ ေျဖဆိုရမွာျဖစ္ၿပီး မႏၱေလးနည္းပညာတကၠသုိလ္ႏွင့္ နည္းပညာတကၠသိုလ္ (မႏၱေလး) တို႔မွ ေက်ာင္းသား/သူမ်ားသည္ နည္းပညာတကၠသိုလ္ (မႏၱေလး) မွာ ေျဖဆိုရမွာပါ။

ရန္ကုန္ၿမိဳ႕ရွိ နည္းပညာတကၠသိုလ္ေတြက ေက်ာင္းသား/သူေတြကေတာ့ သည္ MAJA ႐ံုးခန္းမွာေျဖဆုိရမွာျဖစ္ၿပီး တတိယအဆင့္ အေနျဖင့္ ေရြးခ်ယ္ျခင္းစာစီစာကံုး (အဂၤလိပ္ဘာသာ) ျဖင့္ ေျဖဆိုရမွာျဖစ္ပါတယ္။

ေနာက္ဆံုးအဆင့္အေနနဲ႔ လူေတြ႕စစ္ေဆးျခင္းကို (အဂၤလိပ္ဘာသာ) ျဖင့္ ေျဖဆိုရမွာျဖစ္ပါတယ္။ ေလွ်ာက္ထားလုိသူေတြ အေနနဲ႔ MAJA ႐ံုးခန္း အခန္း (၇၀၇)၊တိုက္ (C )၊ (၇)လႊာ၊ ပုလဲကြန္ဒို၊ ကမာၻေအးဘုရားလမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ ။ ဖုန္း – ၀၉၄၂၈၆၁၂၁၅၁၊ ၀၉၂၆၂၆၀၂၁၂၁ ကို ဆက္သြယ္ေမးျမန္း ေလွ်ာက္ထားႏုိင္မွာ ျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

Honda Foundation နှင့် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) တို့မှ ပူးပေါင်းပေးအပ်သော Honda Y.E.S Award 2018 ကို ဇွန်လ ၁၁ ရက်မှ စတင်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အဆိုပါဆုကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ နည်းပညာတက္ကသိုလ် (မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (မန္တလေး) များမှ ပဥ္စမနှစ် (သို့) နောက်ဆုံးနှစ် ပညာသင်ကြားလျှက်ရှိပြီး အသက် (၂၅) နှစ် (သို့) (၂၅) နှစ်အောက် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာတွေကို သက်ဆိုင်ရာ မိမိတက္ကသိုလ်တွေမှာ ဇွန်လ ၂၉ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။
ပဏာမအဆင့် ရွေးချယ်ခြင်းကို သက််ဆိုင်ရာတက္ကသိုလ်များက ပြုလုပ်မှာဖြစ်ပြီး ပဏာမအဆင့် ရွေးချယ်ခံရသည်ဟု သိရှိပြီးသော ကျောင်းသား/သူ (၁၀)ဦး က ဇူလိုင်လ ၁၃ ရက်နေ့မတိုင်မီ MAJA ရုံးခန်းကို ဆက်သွယ်ရမှာဖြစ်ပါတယ်။ ဒုတိယအဆင့် ရွေးချယ်ခြင်း စာစီစာကုံး (မြန်မာဘာသာ) ဖြင့် ဖြေဆိုရမှာဖြစ်ပြီး မန္တလေးနည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မန္တလေး) တို့မှ ကျောင်းသား/သူများသည် နည်းပညာတက္ကသိုလ် (မန္တလေး) မှာ ဖြေဆိုရမှာပါ။

ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်တွေက ကျောင်းသား/သူတွေကတော့ သည် MAJA ရုံးခန်းမှာဖြေဆိုရမှာဖြစ်ပြီး တတိယအဆင့် အနေဖြင့် ရွေးချယ်ခြင်းစာစီစာကုံး (အင်္ဂလိပ်ဘာသာ) ဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ လူတွေ့စစ်ဆေးခြင်းကို (အင်္ဂလိပ်ဘာသာ) ဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ MAJA ရုံးခန်း အခန်း (၇၀၇)၊တိုက် (C )၊ (၇)လွှာ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ။ ဖုန်း – ၀၉၄၂၈၆၁၂၁၅၁၊ ၀၉၂၆၂၆၀၂၁၂၁ ကို ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ