Home ခလုတ်မပါဝင်တဲ့ Huawei mate 10 ပုံ ပထမဆုံး ပေါက်ကြားထွက်ပေါ်လာ

မကြာသေးခင်က Huawei mate 10 လို့ယူဆရတဲ့ factory CAD ပုံတွေထွက်ပေါ်လာခဲ့ပြီးနောက် အခုအခါမှာလည်း အဆိုပါထုတ်ကုန်ရဲ့ ပထမဆုံး live ဓာတ်ပုံက ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံမှာ home ခလုတ်မပါဝင်တဲ့ edge-to-edge display နဲ့ Huawei Mate 10 ကို ပြသထားပါတယ်။ CAD ပုံတွေမှာ ခလုတ်တစ်ခုကို ပြသထားပြီး ဒီဓာတ်ပုံမှာ မပါဝင်တာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ဒါပေမဲ့ Mate 10 ကို ပုံမှန်ဗားရှင်းနဲ့ Pro ဗားရှင်းဆိုပြီး ဖြန့်ချိမယ်လို့ သတင်းတွေက ဖော်ပြထားတာကြောင့် Mate 10 ကို မတူညီတဲ့ ထုတ်ကုန်နှစ်ခုအနေနဲ့ တွေ့မြင်ရဖွယ်ရှိပါတယ်။

Huawei ရဲ့ Kirin 970 ပါဝင်တဲ့ Mate 10 ကို အောက်တိုဘာ ၁၆ ရက် မြူးနစ်မှာ မိတ်ဆက်ပြသမှာဖြစ်ပါတယ်။

ဒီထုတ်ကုန်သစ်မှာ ၆.၃ လက်မ IPS LCD 1440 x 2960px, 6GB RAM, 4000mAh ဘက်ထရီနဲ့ 20MP+12MP ကျောဘက်ကင်မရာနှစ်ခု ပါဝင်လာမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena