HOG Master 2018 Dota2 Grand Final ပြိုင်ပွဲကျင်းပခဲ့



pic


-အောင်သက်ကို

[ Unicode ]

HOG Master 2018 Dota2 Grand Final ပြိုင်ပွဲကို ဇူလိုင် ၁ ရက်၊ ညနေ ၅ နာရီက မာလာမြိုင်ရိပ်သာလမ်း က HOG e-Sports Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကို Team Veteran နဲ့ Team Eeternal တို့ကတက်လှမ်းသွားပြီး Final ပွဲစဉ်ကို Best of Five ကစားကာ Team Veteran က အနိုင်ရရှိသွားခြင်းဖြစ်ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အရည်အသွေးပြည့်ဝတဲ့ ဂိမ်းဝါသနာရှင်တွေကို အနာဂတ်မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး နိုင်ငံတကာမှာ esport ပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်နိုင်စေဖို့ဖြစ်ပါတယ်” လို့ HOG e-Sports Centre က Co-founder ဖြစ်သူ ဦးစိုပြေအောင်ကပြောပါတယ်။

pic

ပွဲကို ဇွန် ၂၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ စုစုပေါင်း အသင်း ၁၆ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ Grand Final ပွဲစဉ်ကို MMotaku Cosplay နဲ့အတူပြုလုပ်ခဲ့ကြောင်းနဲ့ လတ်တလောပြည်တွင်းမှာ နာမည်ကြီးကစားနေကြတဲ့ PUBG(Player Unknow Battle Ground) ပြိုင်ပွဲကိုလည်း ထည့်သွင်းခဲ့ကြောင်းသိရပါတယ်။

-အောင်သက်ကို