HOG Master 2018 Dota 2 Grand Final ပြဲ ဇူလိုင္လအတြင္း က်င္းပမည္

[ Zawgyi ]

HOG Master 2018 Dota 2 Grand Final ပြဲစဥ္ကို ဇူလိုင္ ၁ ရက္ေန႔မွာ ျပဳလုပ္မွာျဖစ္ေၾကာင္း သိရပါတယ္။

ဆုေၾကးေငြစုစုေပါင္း ၆၇ သိန္းခန္႔ေပးသြားမယ့္္ အဲ့ဒီၿပိဳင္ပြဲကို ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ အသင္းေပါင္း ၄၀၀ ခန္႔ထဲမွ အေကာင္းဆံုး ၁၆ သင္းကို ေရြးခ်ယ္ၿပီး Group A,B,C,D ခြဲကာ ယွဥ္ၿပိဳင္ေစျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ေနာက္ဆံုးအဆင့္ ၿပိဳင္ပြဲမွာ အသင္းႏွစ္သင္း ယွဥ္ၿပိဳင္ရမွာျဖစ္ကာ အႏိုင္ရရွိတဲ့ အသင္းကို ဆုေၾကးေငြ ၂၅ သိန္းေပးမွာျဖစ္ပါတယ္။ “အားလံုးေပါင္းဆုေၾကးကေတာ့ ၆၇ သိန္းေပါ့၊ အဲ့ဒီအထဲကမွ အႏိုင္ရရွိတဲ့ အသင္းကိုေတာ့ ဆုေၾကး ၂၅ သိန္းေပးသြားမွာပါ၊ က်န္တဲ့ ဆုေၾကးေတြကိုေတာ့ Group ပြဲစဥ္ေတြမွာပါတဲ့ အသင္းေတြကို ခြဲေပးသြားမွာပါ၊ ၿပိဳင္ပြဲကေတာ့ ဇူလိုင္ ၂၅ ထဲကစေနပါၿပီ” လို႔ HOG e-Sport Centre က Co-Founder ျဖစ္သူ ဦးစိုေျပေအာင္က ေျပာပါတယ္။

ဇူလိုင္ ၂၅ ရက္ကေန က်င္းပျပဳလုပ္တဲ့ အဲဒီၿပိဳင္ပြဲမွာပါဝင္တဲ့ Group အလိုက္အသင္းေတြကေတာ့ Group A မွာ Illuminati, Team Dragon, Team Kallien, Speed Gaming, Group B မွာ Team Eternal, Old Man, Speed Gaming Reborn, Team Scourge, Group C မွာ All Star, Forth Dynasty, Team Phoenix, Team Veteran, Group D မွာကေတာ့ Crew, Team Jin, Joyous Gaming, Wave Gaming စုစုေပါင္း ၁၆ သင္း ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ အဲဒီပြဲစဥ္ေတြအား လံုးမွာ Best of Three ယွဥ္ၿပိဳင္ရျခင္းျဖစ္ကာ ေနာက္ဆံုးဆင့္ၿပိဳင္ပြဲ (Grand Final) ကိုေတာ့ Best of Five ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

HOG Master 2018 Dota 2 Grand Final ပွဲစဉ်ကို ဇူလိုင် ၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။

ဆုကြေးငွေစုစုပေါင်း ၆၇ သိန်းခန့်ပေးသွားမယ့်် အဲ့ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ အသင်းပေါင်း ၄၀၀ ခန့်ထဲမှ အကောင်းဆုံး ၁၆ သင်းကို ရွေးချယ်ပြီး Group A,B,C,D ခွဲကာ ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ အသင်းနှစ်သင်း ယှဉ်ပြိုင်ရမှာဖြစ်ကာ အနိုင်ရရှိတဲ့ အသင်းကို ဆုကြေးငွေ ၂၅ သိန်းပေးမှာဖြစ်ပါတယ်။ “အားလုံးပေါင်းဆုကြေးကတော့ ၆၇ သိန်းပေါ့၊ အဲ့ဒီအထဲကမှ အနိုင်ရရှိတဲ့ အသင်းကိုတော့ ဆုကြေး ၂၅ သိန်းပေးသွားမှာပါ၊ ကျန်တဲ့ ဆုကြေးတွေကိုတော့ Group ပွဲစဉ်တွေမှာပါတဲ့ အသင်းတွေကို ခွဲပေးသွားမှာပါ၊ ပြိုင်ပွဲကတော့ ဇူလိုင် ၂၅ ထဲကစနေပါပြီ” လို့ HOG e-Sport Centre က Co-Founder ဖြစ်သူ ဦးစိုပြေအောင်က ပြောပါတယ်။

ဇူလိုင် ၂၅ ရက်ကနေ ကျင်းပပြုလုပ်တဲ့ အဲဒီပြိုင်ပွဲမှာပါဝင်တဲ့ Group အလိုက်အသင်းတွေကတော့ Group A မှာ Illuminati, Team Dragon, Team Kallien, Speed Gaming, Group B မှာ Team Eternal, Old Man, Speed Gaming Reborn, Team Scourge, Group C မှာ All Star, Forth Dynasty, Team Phoenix, Team Veteran, Group D မှာကတော့ Crew, Team Jin, Joyous Gaming, Wave Gaming စုစုပေါင်း ၁၆ သင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေအား လုံးမှာ Best of Three ယှဉ်ပြိုင်ရခြင်းဖြစ်ကာ နောက်ဆုံးဆင့်ပြိုင်ပွဲ (Grand Final) ကိုတော့ Best of Five ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

-အောင်သက်ကို