Hoco Extreme Speed Portable SSD

မိမိရဲ့ အချက်အလက်တွေကို အလွယ်တကူ သယ်ဆောင်ပြီး ကွန်ပျူတာတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့အပြင် OTG အထောက်အပံ့ပေးတဲ့ ဖုန်းတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ Hoco ရဲ့ Extreme Speed Portable SSD ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ သိုလှောင်မှုပမာဏက 256GB ဖြစ်ပါတယ်။ SSD ဖြစ်တဲ့အပြင် USB 3.1 နဲ့ မိမိရဲ့ အချက်အလက်တွေကို ကူးပြောင်းမှုပြုလုပ်တဲ့ နေရာမှာလည်း မြန်ဆန်မှုရှိမှာ ဖြစ်ပါတယ်။Type-C ကိုလည်း အထောက်အပံ့ပေးပါတယ်။ Windows OS မှာ XP/7/8 နဲ့ အထက် , Mac OS X 10.5 နဲ့အထက် , Linux 2.4.x နဲ့အထက် အပြင် OTG အထောက်အပံ့ပေးတဲ့ ဖုန်းတွေမှာတော့ Android 4.0 နဲ့အထက်တွေမှာ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးက ၆၇,၀၀၀ ကျပ် ဖြစ်ပါတယ်။ အရွယ်အစားက 102 x 32 x 8mm ဖြစ်ပြီး အလေးချိန်က 45g ရှိပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ ကို ဆက်သွယ်ဝယ်ယူ နိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««