Hoco DGA05 smart watch

Hoco က ထုတ်လုပ်လိုက်တဲ့ DGA05 smart watch ဖြစ်ပါတယ်။ ကျန်းမာရေးကို စောင့်ကြည့်ပေးနိုင်တဲ့ function တွေအပြင် IP68 waterproof rating ရထားတဲ့အတွက် ရေနဲ့ အမှုန်အမွှားတွေရဲ့ ထိခိုက်မှုဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။ RAM က 128KB​ ဖြစ်ပြီး ROM အနေနဲ့ 512KB+ 128MB plug-in ထောက်ပံ့ပေးထားပါတယ်။ ၁.၂၈ လက်မအရွယ်ရှိ TFT full circle screen ထောက်ပံ့ပေးထားပြီး ရုပ်ထွက်အရည်အသွေး 240×240 Pixel အထိ ရရှိမှာဖြစ်ကာ ထိတွေ့စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။အိပ်စက်ခြင်းကို တိုင်းတာပေးခြင်းတွေ၊ ကိုယ့်ရဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေကို တိုင်းတာပေးခြင်းတွေ ပါဝင်လို့ ကိုယ့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်နိုင်ပါတယ်။

ဖုန်းနဲ့ ချိတ်ဆက်ပြီး SMS တွေ notification တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 290mAh ဘက်ထရီပါဝင်ပြီး နှစ်နာရီလောက် အားသွင်းတဲ့အခါမှာ နာရီကြည့်ဖို့အတွက်ပဲ သုံးမယ်ဆိုရင် ရက်ပေါင်း ၆၀ အသုံးခံနိုင်ပါတယ်။

လုပ်ဆောင်ချက်တွေ အကုန်ဖွင့်ထားပြီး အသုံးပြုမယ်ဆိုရင်တော့ ၅ ရက်ကနေ ၁၀ ရက်အထိ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားက 46 x 46 x 12.3mm ဖြစ်ပြီး 50g အလေးချိန်ရှိမှာ ဖြစ်ပါတယ်။

တန်ဖိုးက ၄၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««