Hoco BS41 Warm sound wireless speaker

မိမိအိမ်မှာပဲ သီချင်းဆိုလိုသူတွေ အတွက် အဆင်ပြေစေမယ့် Hoco BS41 Warm sound wireless speaker ဖြစ်ပါတယ်။ Mic တစ်လုံးပါတဲ့ အပြင် အသံထွက်ကောင်းသလို အသံဖမ်းအားကလည်း ကောင်းမွန်ပါတယ်။ ရောင်စုံမီးတွေလည်း ထည့်သွင်းပေးထားပါတယ်။ Speaker unit က ၅.၂၅ လက်မအရွယ်အစား ရှိပြီး အသံထွက် စွမ်းအား 4Ω20W ဖြစ်ပါတယ်။ Bluetooth Version 5.0 ထောက်ပံ့ပေးထားတဲ့အတွက် ၁၀မီတာအတွင်း အသုံးပြုနိုင်ပါတယ်။ BT, TF card, USB, AUX mode စတာတွေ ချိတ်ဆက်နိုင်ပါတယ်။ Wireless microphone နဲ့ wired microphone input ထပ်မံ ထောက်ပံ့ပေးထားတဲ့အပြင် ဝယ်ယူစဉ်မှာ Mic လည်း ပါဝင်မှာ ဖြစ်ပါတယ်။ 2400mAh ဘက်ထရီထောက်ပံ့ပေးထားလို့ တစ်ခါအားသွင်းထားရင် သီချင်းဖွင့်တဲ့အခါမှာ ၈ နာရီဆက်တိုက် ဖွင့်နိုင်ပြီး စကားပြောရင် ၁၂ နာရီ ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

တန်ဖိုးက ၇၀,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««