HIV ပျောက်ဆေး ကြော်ငြာ သတင်းမှားကို ဖော်ပြပေးနေတဲ့ Facebook

Facebook ဟာ နိုင်ငံရေးဆိုင်ရာကြော်ငြာသတင်းမှားတွေ ခွင့်ပြုမှုနဲ့ပတ်သက်ပြီး လူအများက အာရုံစိုက်နေကြပါတယ်။ အခုအခါမှာလည်း Facebook ဟာ platform ပေါ်မှာ HIV ကိုကုသပေးနိုင်တဲ့ ဆေးကြော်ငြာသတင်းမှားတစ်ခု ပေါ်ထွက်လာပါတယ်။ ဗာဂျီးနီးယားပြည်နယ်က ဥပဒေအကျိုးဆောင်ကုမ္ပဏီ KBA Attorneys က HIV ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ဆေး Truvada နဲ့ပတ်သက်တဲ့ သတင်းမှား ကြော်ငြာခဲ့တာကို The Guardian နဲ့ GLAAD ကသတိပြုမိခဲ့ပါတယ်။ Truvada ဆေးဟာ အရိုးကျိုးတာနဲ့ ကျောက်ကပ်ကိုထိခိုက်နိုင်တယ်လို့ ဆန်ဖရန်စစ္စကို AIDS ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

အခုကြော်ငြာနဲ့ ပတ်သက်ပြီး GLAAD က Facebook ရဲ့ပြည်သူ့ဆက်ဆံရေးပေါ်လစီအဖွဲ့ကို ဆက်သွယ်ခဲ့ပြီး အချက်အလက်စစ်ဆေးမှုအေဂျင်စီ ၅ ခုကိုလည်း ဆက်သွယ်ထားပါတယ်။ Facebook အနေနဲ့ ကြော်ငြာကိုဘယ်လိုဖယ်ရှားနိုင်လဲ ဆိုတဲ့ ကြော်ငြာပေါ်လစီစာမျက်နှာကို ရည်ညွှန်းခဲ့ပါတယ်။ ဒါကြောင့် GLAAD က နယူးယောက်အုပ်ချုပ်ရေးမှူး အင်ဒရူးကူအိုမိုနဲ့ လွှတ်တော်အမတ်အယ်လီဇဘတ်ဝါရန်နဲ့ အဖွဲ့အစည်းပေါင်း ၅၀ ရဲ့ထောက်ခံချက်နဲ့ ကြော်ငြာကို ဖယ်ရှားဖို့ Facebook အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။ GLAAD ဟာ LGBTQ+ လူမှုအသိုက်အဝန်းအကြား အိတ်ဖွင့်ပေးစာကို အားပေးကြဖို့ Facebook မှာ ကြော်ငြာအဖြစ် ဝယ်ယူခဲ့ပါတယ်။

စိုးထက်
Ref: Engadget