Higher Education Forum ကျင်းပမည်

Higher Education Forum: Striving towards Quality Education နဲ့ပတ်သက်ပြီး Virtual Forum ကို ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ Zoom မှတစ်ဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပွဲကို ဇန်နဝါရီ ၃၀ ရက်၊ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ Workshop on Internal Quality Assurance ခေါင်းစဥ်နဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် က ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာ Individual Session ကို ပြုလုပ်မှာဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ session ကိုတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

Individual Session ကို နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်မှာဖြစ်ပြီး Pedagogical Strategies to Promote Critical Thinking in class ခေါင်းစဥ်ကို Parami University မှ ဒေါက်တာကျော်မိုးထွန်းကလည်းကောင်း၊ Student Engagement in the classrooms of Higher Education ခေါင်းစဥ်ကို Myanmar Metropolitan College (MMC) မှ ဒေါ်ခင်နှင်းစိုးက လည်းကောင်း၊ Road to Accreditation and Benchmarking (UK) ခေါင်းစဥ်ကို STI Myanmar University မှ ဒေါ်ခင်အေးဝင်း နဲ့ ဒေါက်တာမျိုးမျိုးနိုင်တို့က လည်းကောင်း၊ A,B,C of UK Higher Education Systems ခေါင်းစဥ်ကို PS Business School မှ ဦးမျိုးမင်းက လည်းကောင်း ပြောကြားကြမှာဖြစ်ပါတယ်။

ကျောင်းများ၊ တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများ၊ ပညာရေးနယ်ပယ်မှာ ပါဝင်လုပ်ကိုင်နေသူများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ စိတ်ဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ပြီး http://bit.do/fMNPG ကို ဇန်နဝါရီ ၂၈ ရက် မတိုင်မီ Register ပြုလုပ်ကာ တက်ရောက်နိုင်မှာဖြစ်ပါတယ်။