HEVC Video file ကို Windows 10 ပေါ် ဘယ်လို ဖွင့်မလဲ

Video ရုပ်ထွက်တွေကောင်း မွန်လာတာနဲ့အမျှ ဗီဒီယိုဖိုင်အရွယ်အစားတွေဟာ အတော်ကြီးမားလာပါတယ်။ High Efficiency Video Coding (HEVC / H.265) ဟာ ဗီဒီယို အရည်အသွေးတွေကို မကျစေဘဲ ဗီဒီယို အရွယ်အစားတွေကို လျော့ချနိုင်အောင် စီစဉ်ပေးထားတဲ့စံ သတ်မှတ်ချက်တစ်ခု ဖြစ်ပါတယ်။ ကံကောင်းတာကတော့ Windows 10 မှာ H.265 format video တွေကို ဖွင့်နိုင်ပါတယ်။ အဆိုပါ format ကို ဖွင့်နိုင်ဖို့အတွက် extension ထည့်သွင်းဖို့ လိုအပ်ပါတယ်။

HEVC Video file format ကိုဖွင့်ဖို့အတွက် HEVC Video Extension package ကို Microsoft Store (https://bit.ly/2FvpNym) မှာ ကန်ဒေါ်လာ ၀.၉၉ နဲ့ဝယ်ယူနိုင်ပါတယ်။ အခကြေးငွေပေးချေဖို့ အခက်အခဲ ရှိသူတွေအတွက် အခြား HEVC package ကို Microsoft က developer တွေအတွက် ဝှက်ပေးထားပါတယ်။ အဆိုပါ package ကို Microsoft Store (https://bit.ly/35w5I6m) ဖော်ပြထားတဲ့ link ကနေ အခမဲ့ download လုပ်ယူ ထည့်သွင်းကာ HEVC Video format တွေကို ကြည့်ရှုနိုင်ပါတယ်။

အခြားသော Third party ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး ကြည့်ချင်တယ်ဆိုရင် VLC (https://bit.ly/2RwP66h) , MPV (https://bit.ly/3kewtQP) , PotPlayer (https://bit.ly/2DTuB0j) အစရှိတဲ့ player တွေကို လည်း ထည့်သွင်း ပြီး အသုံးပြုနိုင်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««