Hero 6 နဲ့ Fusion ကင်မရာသစ်နှစ်မျိုးကို GoPro မိတ်ဆက်

Hero 6 နဲ့ Fusion လို့ခေါ်တဲ့ ကင်မရာသစ်နှစ်မျိုးကို GoPro က မိတ်ဆက်ခဲ့ပါတယ်။
Hero 6 ကင်မရာမှာ internal stabilizing နည်းပညာ ထောက်ပံ့ပေးထားပြီး 4K ဗီဒီယိုကို 60fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် custom-designed processor သစ်ကို အသုံးပြုထားတယ်လို့ အမှုဆောင်အရာရှိချုပ် Nick Woodman က ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

Fusion မှာတော့ အရှေ့ဘက်နဲ့ ကျောဘက်မှာ ကင်မရာတွေကို တပ်ဆင်ထားပြီး 360-degree ဗီဒီယိုနဲ့ VR လုပ်ဆောင်ချက်တွေကို ဖန်တီးပေးနိုင်ပါတယ်။ ကင်မရာမှာ Overcapture လို့ခေါ်တဲ့ သုံးစွဲသူက spherical feed ကနေ ရှုထောင့်တစ်ခုကို ရွေးချယ်နိုင်မယ့် feature ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Hero 6 ရဲ့ တန်ဖိုးက ဒေါ်လာ ၅၀၀ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ဝယ်ယူနိုင်ပြီလို့သိရပါတယ်။ Fusion ကိုတော့ ကြိုတင်အော်ဒါများ စတင်လက်ခံနေပြီး နိုဝင်ဘာလမှသာ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: CNBC