Helio P22 chipset နဲ့ 3,260mAh ဘက်ထရီပါဝင်တဲ့ vivo Y81
-နောင်နောင်
Ref: GSMArena
Vivo ဟာ အလယ်အလတ်တန်းစား ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ Y81 ကို ထိုင်ဝမ်မှာ ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။
Y81 ဟာ မေလက မိတ်ဆက်ခဲ့တဲ့ Y83 နဲ့ hardware တွေ အားလုံးနီးပါး တူညီပြီး memory configuration ပဲ အနည်းငယ် ကွဲပြားပါတယ်။
Y81 မှာ နာမည်ကျော် Helio P22 SoC နဲ့ octa-core CPU ပါဝင်ပါတယ်။ Clocked speed က 2.0 GHz ပါ။ RAM က 3GB ဖြစ်ပြီး internal storage က 32GB ဖြစ်ပါတယ်။ MicroSD card ကနေတစ်ဆင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။
ဒီဟန်းဆက်မှာ ၆.၂၂ လက်မ 19:9 HD+ (720 x 1520 pixels resolution) display ပါဝင်ပါတယ်။ Display ရဲ့ထိပ်ဘက်မှာ notch တစ်ခု ပါဝင်ပါတယ်။ အဲ့ဒီ notch မှာ 5MP f/2.2 sensor နဲ့ face unlock feature ကို ထည့်သွင်းထားပါတယ်။ Fingerprint reader ကိုတော့ ဖုန်းရဲ့ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ ကျောဘက်ကင်မရာက 13MP f/2.2 aperture ဖြစ်ပါတယ်။
Vivo Y81 မှာ 3,260mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ Operating system က Android 8.1 Oreo အခြေခံ FunTouch OS 4.0 ဖြစ်ပါတယ်။ တန်ဖိုးက ၂၁၉ ဒေါ်လာပါ။
-နောင်နောင်
Ref: GSMArena