Helio P22 ပါဝင္တဲ့ Redmi 6 နဲ႔ Helio A22 ပါဝင္တဲ့ Redmi 6A တို႔ကို Xiaomi မိတ္ဆက္

[Zawgyi]

Mi 8 ေမာ္ဒယ္သံုးမ်ိဳးကို ပြဲထုတ္ခဲ့ၿပီးတဲ့ေနာက္ Xiaomi ဟာ entry-level ထုတ္ကုန္သစ္ေတြျဖစ္တဲ့ Redmi 6 နဲ႔ Redmi 6A တို႔ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

Xiaomi Redmi 6 မွာ ၅.၄၅ လက္မ HD+ (720 x 1440) IPS display နဲ႔ 18:9 aspect ratio ပါဝင္ပါတယ္။ 12nm MediaTek Helio P22 ခ်စ္ပ္နဲ႔ 2GHz octa-core CPU ပါဝင္ၿပီး ဘက္ထရီက 3,000mAh ျဖစ္ပါတယ္။ ဒီဘက္ထရီဟာ Redmi 5 ရဲ႕ 3,300mAh ထက္ နည္းေပမယ့္ စြမ္းအင္သံုးစြဲမႈ ပိုသက္သာတဲ့ chipset နဲ႔ အရြယ္ပိုငယ္တဲ့ screen ေၾကာင့္ ဘက္ထရီကို ပိုမိုၾကာရွည္စြာ အသံုးျပဳႏိုင္မယ္လို႔ ဆိုပါတယ္။

pic1
Redmi 6 ကို 3GB/32GB နဲ႔ 4GB/64GB ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ရရိွႏိုင္ပါတယ္။ MicroSD card slot ပါဝင္တာေၾကာင့္ သိုေလွာင္မႈပမာဏကို တိုးျမွင့္ႏိုင္ပါတယ္။

ဒီဖုန္းမွာ ေက်ာဘက္ကင္မရာႏွစ္ခု (12MP +5MP) ကို ေထာက္ပံ့ေပးထားပါတယ္။ Selfie ကင္မရာက 5MP ျဖစ္ပါတယ္။

pic2

Xiaomi Redmi 6 ရဲ႕ အဓိက feature ကေတာ့ AI စနစ္ပါဝင္တဲ့ face unlock ျဖစ္ပါတယ္။ ဖုန္းကို ကိုင္လိုက္တဲ့အခါမွာ screen က မီးလင္းလာၿပီး သံုးစြဲသူရဲ႕မ်က္ႏွာကို scan လုပ္ကာ unlock လုပ္ငန္းစဥ္ကို လ်င္ျမန္စြာ လုပ္ေဆာင္ေပးမွာျဖစ္ပါတယ္။ Fingerprint scanner ကိုေတာ့ Redmi 6 ရဲ႕ ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။

pic3

Redmi 6 မွာ အသံုးျပဳထားတဲ့ MIUI 10 software ရဲ႕ အေျခခံ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ AI က စြမ္းေဆာင္ရည္နဲ႔ ကင္မရာကို အေထာက္အကူေပးမွာ ျဖစ္ပါတယ္။

ေစ်းပိုသက္သာတဲ့ Xiaomi Redmi 6A ကေတာ့ Redmi 6 နဲ႔ ဆင္တူေပမယ့္ hardware ကို အနည္းငယ္ေလွ်ာ့ခ်ထားပါတယ္။

pic4

Redmi 6A မွာ Helio P22 chipset ကိုသံုးထားပါတယ္။ ဒီ chipset ဟာ Helio P22 အတိုင္း 12nm process ေပၚမွာ တည္ေဆာက္ထားေပမယ့္ CPU core ေလးခုပဲ ပါဝင္ပါတယ္။ Clocked speed ကေတာ့ 2.0GHz ျဖစ္ပါတယ္။ 2GB RAM, 16GB storage နဲ႔ရရိွႏိုင္ပါတယ္။

pic5

ေက်ာဘက္မွာ 13MP sensor တစ္ခုတည္းသာ ပါဝင္ပါတယ္။ အေရွ႕ဘက္ကင္မရာက 5MP ျဖစ္ပါတယ္။ MIUI 10 ကို သံုးထားတာေၾကာင့္ AI camera နဲ႔ software feature ေတြကို အသံုးျပဳႏုိင္ပါတယ္။
Fingerprint sensor ကို မထည့္သြင္းထားတဲ့အတြက္ face unlock က တစ္ခုတည္းေသာ biometric unlock option ျဖစ္ပါတယ္။

pic6

တန္ဖိုးက Redmi 6 3GB/32GB ဗားရွင္းအတြက္ ၁၂၅ ေဒၚလာ က်သင့္မွာျဖစ္ပါတယ္။ 4GB/64GB အတြက္က ၁၅၅ ေဒၚလာ ျဖစ္ပါတယ္။ Redmi 6A ကိုေတာ့ ၉၅ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။
ဒီစမတ္ဖုန္းႏွစ္မ်ိဳးစလံုးကို ဇြန္ ၁၅ ရက္ကစၿပီး တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

 

[Unicode]

Mi 8 မော်ဒယ်သုံးမျိုးကို ပွဲထုတ်ခဲ့ပြီးတဲ့နောက် Xiaomi ဟာ entry-level ထုတ်ကုန်သစ်တွေဖြစ်တဲ့ Redmi 6 နဲ့ Redmi 6A တို့ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

Xiaomi Redmi 6 မှာ ၅.၄၅ လက်မ HD+ (720 x 1440) IPS display နဲ့ 18:9 aspect ratio ပါဝင်ပါတယ်။ 12nm MediaTek Helio P22 ချစ်ပ်နဲ့ 2GHz octa-core CPU ပါဝင်ပြီး ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ ဒီဘက်ထရီဟာ Redmi 5 ရဲ့ 3,300mAh ထက် နည်းပေမယ့် စွမ်းအင်သုံးစွဲမှု ပိုသက်သာတဲ့ chipset နဲ့ အရွယ်ပိုငယ်တဲ့ screen ကြောင့် ဘက်ထရီကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

pic1

Redmi 6 ကို 3GB/32GB နဲ့ 4GB/64GB ဆိုပြီး နှစ်မျိုးနှစ်စား ရရှိနိုင်ပါတယ်။ MicroSD card slot ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

ဒီဖုန်းမှာ ကျောဘက်ကင်မရာနှစ်ခု (12MP +5MP) ကို ထောက်ပံ့ပေးထားပါတယ်။ Selfie ကင်မရာက 5MP ဖြစ်ပါတယ်။

pic2

Xiaomi Redmi 6 ရဲ့ အဓိက feature ကတော့ AI စနစ်ပါဝင်တဲ့ face unlock ဖြစ်ပါတယ်။ ဖုန်းကို ကိုင်လိုက်တဲ့အခါမှာ screen က မီးလင်းလာပြီး သုံးစွဲသူရဲ့မျက်နှာကို scan လုပ်ကာ unlock လုပ်ငန်းစဉ်ကို လျင်မြန်စွာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Fingerprint scanner ကိုတော့ Redmi 6 ရဲ့ ကျောဘက်မှာ ထည့်သွင်းထားပါတယ်။

pic3

Redmi 6 မှာ အသုံးပြုထားတဲ့ MIUI 10 software ရဲ့ အခြေခံ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ AI က စွမ်းဆောင်ရည်နဲ့ ကင်မရာကို အထောက်အကူပေးမှာ ဖြစ်ပါတယ်။

စျေးပိုသက်သာတဲ့ Xiaomi Redmi 6A ကတော့ Redmi 6 နဲ့ ဆင်တူပေမယ့် hardware ကို အနည်းငယ်လျှော့ချထားပါတယ်။

pic4

Redmi 6A မှာ Helio P22 chipset ကိုသုံးထားပါတယ်။ ဒီ chipset ဟာ Helio P22 အတိုင်း 12nm process ပေါ်မှာ တည်ဆောက်ထားပေမယ့် CPU core လေးခုပဲ ပါဝင်ပါတယ်။ Clocked speed ကတော့ 2.0GHz ဖြစ်ပါတယ်။ 2GB RAM, 16GB storage နဲ့ရရှိနိုင်ပါတယ်။

pic5

ကျောဘက်မှာ 13MP sensor တစ်ခုတည်းသာ ပါဝင်ပါတယ်။ အရှေ့ဘက်ကင်မရာက 5MP ဖြစ်ပါတယ်။ MIUI 10 ကို သုံးထားတာကြောင့် AI camera နဲ့ software feature တွေကို အသုံးပြုနိုင်ပါတယ်။
Fingerprint sensor ကို မထည့်သွင်းထားတဲ့အတွက် face unlock က တစ်ခုတည်းသော biometric unlock option ဖြစ်ပါတယ်။

pic6

တန်ဖိုးက Redmi 6 3GB/32GB ဗားရှင်းအတွက် ၁၂၅ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ 4GB/64GB အတွက်က ၁၅၅ ဒေါ်လာ ဖြစ်ပါတယ်။ Redmi 6A ကိုတော့ ၉၅ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။
ဒီစမတ်ဖုန်းနှစ်မျိုးစလုံးကို ဇွန် ၁၅ ရက်ကစပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena