HDR10 မျက်နှာပြင်တွေအသုံးပြုထားတဲ့ TCL ဖုန်းသစ် (၃) မျိုး

TCL ဟာ ဇန်နဝါရီလက ထုတ်ဖော်ပြသထားတဲ့ TCL 10L, 10 Pro နဲ့ 10 5G တို့ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။ TCL ဖုန်းတွေဟာ အချက်အလက်ပိုင်းက ဆင်တူမှုရှိပေမယ့် 10 5G ဖုန်းကတော့ ဈေးနှုန်းမြင့်မားတဲ့ ဖုန်းတစ်မျိုး ဖြစ်ပါတယ်။

TCL 10 Pro မှာ AMOLED မျက်နှာပြင် ၆.၄၇ လက်မ 1080p+ ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ ဒါ့အပြင် HDR10 နဲ့ Netflix ကထောက်ခံချက်ပေးထားတဲ့ display ပါဝင်တာကြောင့် content တွေကို အပြည့်အဝကြည့်နိုင်ပါတယ်။ ဒါ့အပြင် SDR ကနေ HDR အထိပြောင်းပေးနိုင်တဲ့ NXTVISION ချစ်ပ်လည်း ပါဝင်လာပါတယ်။

မျက်နှာပြင်ကတော့ အကွေးဒီဇိုင်းကို အသုံးပြုထားပြီး 24MP selfie ကင်မရာကို ရေစက်ပုံစံ notch ထဲ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် display fingerprint reader ပါဝင်လာပါတယ်။
ကျောဘက်မှာတော့ 64MP အဓိက ကင်မရာ (Samsung GW1. 1/1.7”, 0.8µm ပါဝင်ပေမယ့် 4-in-1 bining နဲ့ 16MP ကိုရိုက်ကူးချိန်မှာ 1.6µm အထိ ထောက်ပံ့ပေးနိုင်) ကို 16MP ultrawide-angle ကင်မရာ (၁၂၃ ဒီဂရီ) အထိထောက်ပံ့ပေးပါတယ်။

ဒါ့အပြင် ဗီဒီယိုအတွက် 2.9µm pixels ပါဝင်တဲ့ အလင်းအားနည်းမှုကို မြှင့်တင်ပေးတဲ့ကင်မရာ 5MP ကတော့ Pro ရဲ့ထူးခြားတဲ့ feature ဖြစ်ပါတယ်။ ဒါ့အပြင် 2MP depth sensor လည်းပါဝင်လာပြီး 30fps နဲ့ 4K ဗီဒီယိုမှတ်တမ်းတင်နိုင်ပါတယ်။

ဖုန်းမှာ Snapdragon 675 chipset နဲ့အတူ RAM 6GB နဲ့ UFs 2.1 storage 128GB တို့ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် microSD ကတ်ကို 256GB အထိ ထည့်သွင်းနိုင်ပါတယ်။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး 18W Quick Charge 2.0 ပါဝင်တဲ့အတွက် ၃၅ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။

TCL 10 Pro ကတော့ ဒီနှစ် နှောင်းပိုင်းမှာ ထွက်လာမှ ဖြစ်ပြီး ဒေါ်လာ ၄၅၀ ကျသင့်ပါမယ်။ TCL 10 Pro မှာ Android 10 အသုံးပြုထားပြီး Android 11 ဖြန့်ချိမှာ ဖြစ်ပါတယ်။

TCL 10 5G ဖုန်းမှာတော့ Snapdrragon 765G chipset ပါဝင်ပြီး 5G ချိတ်ဆက်မှုမြန်ဆန်ကာ CPU နဲ့ GPU မြန်ဆန်ပါတယ်။ ဒါ့အပြင် RAM 6GB, storage 128GB နဲ့ microSD တို့ပါဝင်လပါတယ်။ ဘက်ထရီကတော့ 4,500mAh ပဲဖြစ်ပြီး 18W အားသွင်းစနစ်ထောက်ပံ့ထားပါတယ်။ ကင်မရာပိုင်းကတော့ 64MP ကို 8MP ultrawide ကင်မရာနဲ့ တွဲဖက်ပေးထားကာ 5MP macro ကင်မရာနဲ့ 2MP depth sensor တို့ပါဝင်လာပါတယ်။ ကျောဘက်မှာ fingerprint reader တစ်ခု ပါဝင်လာပါတယ်။

TCL 10 5G ကတော့ မျက်နှာပြင် ၆.၅၃ လက်မ LCD နဲ့ punch hole ထဲမှာ 16MP selfie ကင်မရာကို ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အရည်အသွေးကတော့ 1080p+ နဲ့ aspect ratio 19.5:9 တို့ပဲ ဖြစ်ပြီး HDR10 ထောက်ပံ့ထားပါတယ်။ TCL 10 5G ကတော့ ယူရို ၄၀၀ အထိ ကျသင့်နိုင်ပါတယ်။

TCL 10L မှာတော့ မျက်နှာပြင် ၆.၅၃ လက်မ lCD နဲ့အတူ 16MP selfie ကင်မရာ ပါဝင်လာပါတယ်။ ကျောဘက်မှာ fingerprint reader တစ်ခုနဲ့ 8MP ultrawide ကင်မရာပါဝင်လာပါတယ်။

TCL 10L ရဲ့အဓိက ကင်မရာက 48MP ဖြစ်ပြီး macro ကင်မရာကတော့ 2MP ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena