HD e-ink မ်က္ႏွာျပင္ပါဝင္ၿပီး ေဒၚလာ ၁၃၀ နဲ႔ ေရာင္းခ်မယ့္ Kobo ရဲ႕ e-reader ထုတ္ကုန္သစ္

[ Zawgyi ]

Kobo ရဲ႕ Clara HD အမည္ရ e-reader ထုတ္ကုန္ကုိ တင္ပို႔ေရာင္းခ်သြားမယ္လုိ႔ Rakuten က ထုတ္ျပန္ခဲ့ပါတယ္။

ေရာင္စုံ tablet display ထုတ္ကုန္ေတြ ေပါမ်ားေနတဲ့ေခတ္မွာ e-reader ေတြ ထြက္ရွိေနေသးတာက အထူးအဆန္းျဖစ္ေနပါလိမ့္မယ္။ ဒါေပမဲ့ e-reader ထုတ္ကုန္ေတြမွာပါဝင္တဲ့ e-ink display ေတြက backlit display ေတြထက္ ၾကည့္႐ႈရတဲ့အခါ မ်က္စိသက္သာ ေစပါတယ္။ ေရရွည္စာဖတ္တဲ့အခါမွာ သက္ေသာင့္သက္သာ အသုံးျပဳႏုိင္ပါတယ္။ Kobo ရဲ႕ Clara HD မွာ ၆ လက္မအရြယ္ HD 300 dpi screen ပါဝင္ၿပီး ေဈးႏႈန္းက ေဒၚလာ ၁၃၀ သာ ရွိပါတယ္။

Kobo အေနနဲ႔ အဲဒီ ႐ုပ္ထြက္အရည္အေသြးနဲ႔ ေနာက္ထပ္ေရာင္းခ်တဲ့ ထုတ္ကုန္က Kobo Aura One ျဖစ္ပါတယ္။ Kobo Aura One ဟာ မ်က္ႏွာအရြယ္အစား အနည္းငယ္ ႀကီးမားၿပီး ၇.၈ လက္မရွိသလုိ ေရစိုခံပါတယ္။ Clara HD ထက္ ေဈးႏႈန္း ေဒၚလာ ၁၀၀ ပိုမ်ားပါတယ္။ Aura ကို ၆ လက္မ display နဲ႔ ထုတ္လုပ္ထားၿပီး Clara HD ထက္ ၁၀ ေဒၚလာ သက္သာပါတယ္။

Clara HD မွာ ComfortLight Pro ပါဝင္ၿပီး မ်က္ႏွာျပင္တစ္ဝိုက္မွာ စာဖတ္ႏိုင္တဲ့ အလင္းကို ျဖန္႔က်ဲထားသလို ညအခ်ိန္ စာဖတ္တဲ့အခါ အျပာေရာင္အလင္း ထြက္ေပၚမႈကုိ ေလွ်ာ႔ခ်ေပးဖုိ႔ ဒီဇိုင္းထုတ္ထားပါတယ္။ ဒါ့အျပင္ storage 8GB ပါဝင္ၿပီး ebook ၆,၀၀၀ အထိ သိမ္းဆည္းႏိုင္သလို ရက္သတၱပတ္ေပါင္းမ်ားစြာ အသုံးျပဳႏိုင္တဲ့ ဘက္ထရီ ပါဝင္လာပါတယ္။ စမတ္ဖုန္းနဲ႔ tablet အတြက္ Kobo app နဲ႔လည္း sync လုပ္ႏိုင္တဲ့အတြက္ အျခားထုတ္ကုန္ေပၚမွာ စာအုပ္ေတြ ဖတ္ႏို္င္ပါတယ္။

Clara HD ကုိ တင္ပို႔ေရာင္းခ်မယ့္အခ်ိန္ကို ဝက္ဘ္ဆိုက္မွာ ရွင္းရွင္းလင္းလင္း မေဖာ္ျပထားေပမယ့္ ႀကိဳတင္မွာယူမႈ ျပလုပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ Clara HD ကို ဇြန္လမွာ အေမရိကန္ႏိုင္ငံဆီ တင္ပုိ႔ေရာင္းခ်မယ္လို႔ TechCruch က ေဖာ္ျပထားပါတယ္။ ကေနဒါ၊ တူရကီ၊ နယ္သာလန္၊ အီတလီ၊ စပိန္နဲ႔ ေပၚတူဂီမွာ ေနထုိင္သူေတြအေနနဲ႔ ဇြန္လ ၅ ရက္ကစၿပီး Clara HD ကို ဝယ္ယူႏိုင္ပါတယ္။ ျပင္သစ္က စာဖတ္ပရိသတ္ေတြအတြက္ ဇြန္လ ၁ ရက္မွာ တင္ပို႔ေရာင္းခ်ေပးမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: Engadget

=========

[ Unicode ]

HD e-ink မျက်နှာပြင်ပါဝင်ပြီး ဒေါ်လာ ၁၃၀ နဲ့ ရောင်းချမယ့် Kobo ရဲ့ e-reader ထုတ်ကုန်သစ်

=========

Kobo ရဲ့ Clara HD အမည်ရ e-reader ထုတ်ကုန်ကို တင်ပို့ရောင်းချသွားမယ်လို့ Rakuten က ထုတ်ပြန်ခဲ့ပါတယ်။

ရောင်စုံ tablet display ထုတ်ကုန်တွေ ပေါများနေတဲ့ခေတ်မှာ e-reader တွေ ထွက်ရှိနေသေးတာက အထူးအဆန်းဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ e-reader ထုတ်ကုန်တွေမှာပါဝင်တဲ့ e-ink display တွေက backlit display တွေထက် ကြည့်ရှုရတဲ့အခါ မျက်စိသက်သာ စေပါတယ်။ ရေရှည်စာဖတ်တဲ့အခါမှာ သက်သောင့်သက်သာ အသုံးပြုနိုင်ပါတယ်။ Kobo ရဲ့ Clara HD မှာ ၆ လက်မအရွယ် HD 300 dpi screen ပါဝင်ပြီး ဈေးနှုန်းက ဒေါ်လာ ၁၃၀ သာ ရှိပါတယ်။

Kobo အနေနဲ့ အဲဒီ ရုပ်ထွက်အရည်အသွေးနဲ့ နောက်ထပ်ရောင်းချတဲ့ ထုတ်ကုန်က Kobo Aura One ဖြစ်ပါတယ်။ Kobo Aura One ဟာ မျက်နှာအရွယ်အစား အနည်းငယ် ကြီးမားပြီး ရ.၈ လက်မရှိသလို ရေစိုခံပါတယ်။ Clara HD ထက် ဈေးနှုန်း ဒေါ်လာ ၁၀၀ ပိုများပါတယ်။ Aura ကို ၆ လက်မ display နဲ့ ထုတ်လုပ်ထားပြီး Clara HD ထက် ၁၀ ဒေါ်လာ သက်သာပါတယ်။

Clara HD မှာ ComfortLight Pro ပါဝင်ပြီး မျက်နှာပြင်တစ်ဝိုက်မှာ စာဖတ်နိုင်တဲ့ အလင်းကို ဖြန့်ကျဲထားသလို ညအချိန် စာဖတ်တဲ့အခါ အပြာရောင်အလင်း ထွက်ပေါ်မှုကို လျှော့ချပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါ့အပြင် storage 8GB ပါဝင်ပြီး ebook ၆,၀၀၀ အထိ သိမ်းဆည်းနိုင်သလို ရက်သတ္တပတ်ပေါင်းများစွာ အသုံးပြုနိုင်တဲ့ ဘက်ထရီ ပါဝင်လာပါတယ်။ စမတ်ဖုန်းနဲ့ tablet အတွက် Kobo app နဲ့လည်း sync လုပ်နိုင်တဲ့အတွက် အခြားထုတ်ကုန်ပေါ်မှာ စာအုပ်တွေ ဖတ်နို်င်ပါတယ်။

Clara HD ကို တင်ပို့ရောင်းချမယ့်အချိန်ကို ဝက်ဘ်ဆိုက်မှာ ရှင်းရှင်းလင်းလင်း မဖော်ပြထားပေမယ့် ကြိုတင်မှာယူမှု ပြလုပ်နိုင်ပြီ ဖြစ်ပါတယ်။ Clara HD ကို ဇွန်လမှာ အမေရိကန်နိုင်ငံဆီ တင်ပို့ရောင်းချမယ်လို့ TechCruch က ဖော်ပြထားပါတယ်။ ကနေဒါ၊ တူရကီ၊ နယ်သာလန်၊ အီတလီ၊ စပိန်နဲ့ ပေါ်တူဂီမှာ နေထိုင်သူတွေအနေနဲ့ ဇွန်လ ၅ ရက်ကစပြီး Clara HD ကို ဝယ်ယူနိုင်ပါတယ်။ ပြင်သစ်က စာဖတ်ပရိသတ်တွေအတွက် ဇွန်လ ၁ ရက်မှာ တင်ပို့ရောင်းချပေးမယ်လို့ သိရပါတယ်။

စိုးထက်
Ref: Engadget