Hasselblad X1D II 50C Medium Format Mirrorless Camera
[ Zawgyi ]
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
Ref: B & H
-ကျော်ဇေယျ
[ Unicode ]
တန်ဖိုး-ကန်ဒေါ်လာ 5,750.00$
အားသာချက်
နာမည်ကျော် Hasselblad ကင်မရာဖြစ်ပါတယ်။ 43.8 x 32.9mm အရွယ်ရှိ CMOS Sensor သုံး Medium Format Mirrorless Camera ဖြစ်ပါတယ်။ 50MP ပါ၀င်ပြီး ဓာတ်ပုံကို JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းကိုတော့ ထောက်ပံ့ပေးထားခြင်း မရှိပါဘူး ISO အနေနဲ့ Auto, 100 to 25600 အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ Up to 2.7 fps at 50 MP အထိရရှိမှာပါ ။ 3,686,400 Dot အရည်အသွေးရှိ အီလက်ထရောနစ် OLED View Finder ထောက်ပံ့ပါ၀င်ပါတယ်။ 2,359, 296 Dot အရည်အသွေးရှိ ၃.၆ လက်မအရွယ် touchscreen LCD ပါ၀င်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းကလည်း Auto နဲ့ Manual Focus ရရှိနိုင် သလို focus modes အနေနဲ့ Continuous-Servo AF (C), Single-Servo AF (S) ရရှိမှာ ဖြစ်ပါတယ်။ Auto Focus Point Contrast Detection: 117 အထိရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ Lens Mount ကတော့ Hasselblad X ပဲဖြစ်ပါတယ်။ ဒီစျေးက ဘော်ဒီသက်သက် စျေးနှုန်းသာ ဖြစ်ပါတယ်။ GPS လည်း ထောက်ပံ့ပေးထားပါတယ်။
အားနည်းချက်
LCD အနေနဲ့ ထိတွေ့စေ ခိုင်းနိုင်တဲ့ အနေအထားရပေမယ့် လိုသလို မလှည့်နိုင်ပါဘူး။ မြန်နှုန်းမြင့် SD/SDHC/SDXC ကတ်တွေနဲ့သာ အသုံးပြုဖို့ သင့်တော်သလို ကတ်ပြည့်တာလည်း မြန်ပါလိမ့်မယ်။
သုံးသပ်ချက်
ဒီစျေးပမာဏနဲ့ Hasselblad အမျိုးအစားထဲက Medium Format ရတယ်ဆိုတော့ စျေးများတယ်လို့ မဆိုသာပါဘူး။ LCD မြင်ကွင်းအနေနဲ့လည်း ပိုပြီးကြီးမားပါတယ်။ Hasselblad
Natural Color Solution နည်းပညာတွေ ထည့်သွင်းထားတာကြောင့် ရုပ်ထွက်ကြည် လင်ပြတ်သားမှု၊ အရည်အသွေး ကောင်းမွန်မှုတွေနဲ့ အနုစိတ်တာတွေကို ရရှိခံစားစေမှာဖြစ်ပါတယ်။
လုပ်ဆောင်ချက်
ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Up to 2.7 fps at 50 MP fps ရရှိမှာပါ။ Shutter Type အနေနဲ့ Electronic Shutter, Leaf Shutter တွေပါ၀င်ပြီး Shutter Speed အနေနဲ့ Mechanical Type မှာ1/2000 to 4080 Second ရရှိနိုင်ပြီး Electronic Type မှာ 1/10000 to 4080 Second ထပ်ရနိုင်မှာပါ။ Bult-in Flash အနေနဲ့မပါ၀င်ဘဲ External Flash တပ်ဆင်ဖို့အတွက်တော့ Hot shoe ပါ၀င်ပါတယ်။
Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering ဖတ်ယူမှုအတွက် Center-Weighted Average, Spot တို့ပါ၀င်ပါတယ်။ ချိတ်ဆက်မှုပိုင်းကတော့ Wifi, GPS, USB 3.0, USB Type-C တွေ ရရှိနိုင်ပါတယ်။ Wifi အနေနဲ့လည်း iPad Air (2019) & iPad Pro တို့နဲ့ ချိတ်ဆက်ပြီး ပုံတွေကို Share ပြုလုပ်ခြင်း၊ ကင်မရာကို ထိန်းကျောင်းခြင်းတို့ ဆောင်ရွက်နိုင်ပါတယ်။ GPS ပါ၀င်တဲ့အတွက် မိမိရိုက်တဲ့ပုံတွေကိုလည်း နေရာအတိအကျနဲ့ မှတ်သားနိုင်ပါတယ်။ Card Slot နှစ်ခုပါ၀င်ပြီး SD, SDHC, SDXC စတာတွေကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2,359,296 Dot အရည်အသွေးရှိ ၃.၆ လက်မအရွယ် touchscreen LCD ထောက်ပံ့ပေးထားပါတယ်။ 3,686,400 Dot အရည်အသွေးရှိတဲ့ အီလက်ထရောနစ် OLED View Finder ထောက်ပံ့ပေးထားပါတယ်။ Rechargeable Lithium-Ion, 7.2 VDC,
3400 mAh ဘက်ထရီ အသုံးပြုထားပါတယ်။ ကိုယ်ထည် အရွယ်အစားက 148 x 97 x 125 mm ဖြစ်ပြီး အလေးချိန် 766 g ရှိပါတယ်။
Ref: B & H