Hasselblad 907X Special Edition Medium Format Mirrorless Camera
[ Zawgyi ]
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-ကန်ဒေါ်လာ 7,499$
အားသာချက်
နာမည်ကျော် Hasselblad ကင်မရာရဲ့ လပေါ်ရောက်အသုံး ပြုခဲ့တဲ့ နှစ်ငါးဆယ် အထိမ်းအ မှတ်အတွက် Special Edition အနေနဲ့ ထုတ်လုပ်မယ့်ကင်မရာ ဖြစ်ပါတယ်။ 43.8 x 32.9mm အရွယ်ရှိ CMOS Sensor သုံး Medium Format Mirrorless ကင်မရာ ဖြစ်ကာ 50MP ပါ၀င်ပြီး ဓာတ်ပုံကို JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ဗီဒီယို ပိုင်းကိုတော့ ထောက်ပံ့ထားခြင်း မရှိပါဘူး။ ISO အနေနဲ့ Auto, 100 to 25600 အထိ ရရှိနိုင်မှာ ပါ။ Frame Per Second fps အနေနဲ့ Up to 2.7 fps at 50 MP အထိရရှိမှာပါ။ LCD ကတော့ 920k-dot အရည်အ သွေးရှိ ၃ လက်မအရွယ် tilting touchscreen LCD အ မျိုးအစားဖြစ်ပြီး ထိတွေ့စေခိုင်း နိုင်မှာပါ။ Focus Point ပိုင်းမှာလည်း Auto နဲ့ Manual Focus ရနိုင်သလို focus modes အနေနဲ့ Continuous-Servo AF (C), Single-Servo AF (S) ရရှိမှာ ဖြစ်ပါတယ်။ AutoFocus Point Contrast Detection: 117 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Hasselblad X ပဲဖြစ်ပါတယ်။ GPS ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ၁၉၆၉ ခုနှစ်တုန်းက အပိုလို ၁၁ နဲ့ သယ်ဆောင်သွားပြီး လမျက်နှာ ပြင်ပေါ်မှာ အသုံးပြုခဲ့တဲ့ ကင်မရာအတွက် နှစ်ငါးဆယ်ပြည့်ဂုဏ်ပြု ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
အားနည်းချက်
Electronic Viewfinder ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။ မြန်နှုန်းမြင့် SD/SDHC/SDXC ကတ်တွေနဲ့သာ အသုံးပြုဖို့ သင့်တော်သလို ကတ်ပြည့်တာလည်း မြန်ပါလိမ့်မယ်။
သုံးသပ်ချက်
ဒီစျေးပမာဏနဲ့ Hasselblad အမျိုးအစားထဲက Special Edition& Medium Format ရတယ်ဆိုတော့ စျေးများတယ် လို့မဆိုသာပါဘူး။ Hasselblad Natural Color Solution နည်း
ပညာတွေ ထည့်သွင်းထားတာ ကြောင့် ရုပ်ထွက် ကြည်လင် ပြတ်သားမှု၊ အရည်အသွေး ကောင်းမွန်မှုတွေနဲ့ အနုစိတ်တွေ ရရှိခံစားစေမှာဖြစ်ပါတယ်။
လုပ်ဆောင်ချက်
ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Up to 2.7 fps at 50 MP fps ရရှိမှာပါ။ Shutter Type အနေနဲ့ Electronic Shutter, Leaf Shutter ပါ၀င်ပြီး Shutter Speed အနေနဲ့ Mechanical Type မှာ 1/2000 to 4080 Second ရရှိနိုင်ပြီး Electronic Type မှာ1/10000 to 4080 Second ထပ်ရနိုင်မှာပါ။ Bult-in Flash အနေနဲ့မပါ၀င်ဘဲ External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါ၀င်ပါတယ်။
Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Metering ဖတ်ယူမှု အတွက် Center-Weighted Average, Spot တို့ပါ၀င်ပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် Wifi, GPS, USB 3.0, USB Type-C တို့ရရှိနိုင်ပါတယ်။ Wifi အနေနဲ့လည်း iPad Air (2019) & iPad Pro တို့နဲ့ ချိတ်ဆက်ပြီး ပုံများ Share ခြင်း ကင်မရာ ထိန်းချုပ်ခြင်းတွေကိုဆောင်ရွက် နိုင်ပါတယ်။ GPS ပါ၀င်တဲ့ အ တွက် မိမိရိုက်တဲ့ပုံတွေကို လည်း နေရာအတိအကျနဲ့ မှတ်သားနိုင်ပါတယ်။
Card Slot နှစ်ခုပါ၀င်ပြီး SD, SDHC, SDXC ထည့်သွင်းအ သုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 920k Dot အရည်အသွေးရှိ ၃.၀ လက်မ အရွယ် tilting touchscreen LCD ထောက်ပံ့ပေးထားပါတယ်။ Rechargeable Lithium-Ion, 7.2 VDC, 3400 mAhဘက်ထရီအသုံးပြုပါတယ်။ ကိုယ်ထည်အရွယ်အစားက 102 x 93 x 84 mm ဖြစ်ပြီး အလေးချိန်က 865 g ရှိပါတယ်။
Ref: B & H