Handset style Power Bank

Handset-style-Power-Bank.jpg

တစ်ကိုယ်ရေသုံး လျှပ်စစ်ပစ္စည်းငယ်များ ဓာတ်ခဲအားကုန်သွားသည့်အခါ အရေးပေါ် အမြန်အားပြန်သွင်းပေးနိုင်သော Handset ပုံစံဖြင့် Power Bank မော်ဒယ်သစ်များ ဝင်ရောက်လာသည်။ Apple ၏ i-Phone ပုံစံနှင့် Huawei ၏ Ascendmate ပုံစံထုတ်ထားသည့် Power Bank နှစ်မျိုးဖြစ်သည်။ ပုံစံနှင့် အရွယ်အစားပုံတူနီးပါး ထုတ်ထားသည်။ i-Phone ဒီဇိုင်းတွင် 18000mAh ရှိသော ဘက်ထရီကို အသုံးပြုထားပြီး power အဝင်၊ အထွက်နှင့် ဘက်ထရီအားကို သိနိုင်မည့် LED Indicator မီးပါဝင်သည်။ Input, output တစ်ခုစီ ပါဝင်သည်။ Huawei ဒီဇိုင်းတွင် 38000 mAh ရှိသော ဘက်ထရီကို အသုံးပြုထားပြီး output နှစ်ခုပါဝင်
သည့်အတွက် ဖုန်း သို့မဟုတ် အားသွင်းပစ္စည်းနှစ်ခုကို တစ်ပြိုင်နက် အားသွင်းနိုင်မည်ဖြစ်သည်။ နှစ်မျိုးစလုံးကို Aluminium Body ဖြင့် ပြုလုပ်ထားပြီး တန်ဖိုးမှာကျပ် ၁၈,၀၀၀ နှင့် ၂၅,၀၀၀ ဝန်းကျင်ဖြစ်သည်။ Asia Best Link ဖုန်း ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။