Halo Infinite ဂိမ္းကို Xbox One နဲ႔ Windows 10 အတြက္ျဖန္႔ခ်ိလိုက္တဲ့ Microsoft

[ Zawgyi ]

Microsoft ဟာ E3 2018 ဂိမ္းျပပြဲမွာ နာမည္ေက်ာ္ Halo ဂိမ္းသစ္ကုိ အျမည္းသေဘာ မိတ္ဆက္သြားခဲ့ပါတယ္။

Halo Infinite ဂိမ္းသစ္မွာ အလြန္ႀကီးမားတဲ့ ကမၻာတစ္ခုပါဝင္ၿပီး နာမည္ေက်ာ္ Warthog လိုမ်ိဳး ကားေတြပါဝင္လာပါတယ္။ အခုဂိမ္းသစ္ဟာ Master Chief ကိုဗဟိုျပဳသြားၿပီး Halo 5 အျဖစ္အပ်က္ေတြအၿပီးက ဇာတ္လမ္းကုိ ျပန္ဆက္သြားမွာျဖစ္ပါတယ္။

Microsoft မိတ္ဆက္တဲ့ ဗီဒီယိုအတုိေလးမွာ Halo Infinite ကိုေထာက္ပံ့ထားတဲ့ Slipspace Engine သစ္ကုိ ေဖာ္ျပထားပါတယ္။ အနာဂတ္ Halo ဂိမ္းေတြနဲ႔ အေတြ႕အႀကဳံေတြေထာက္ပံ့သြားမယ့္ 343 Industries က Halo Infinite ကို ဖန္တီးထားတာျဖစ္ပါတယ္။ Halo Infinite ရဲ႕အမည္နဲ႔ ဗီဒီယိုအရ Halo ရဲ႕ open world ဂိမ္းဗားရွင္းျဖစ္ႏိုင္တယ္လို႔ ရည္ညႊန္းေနပါတယ္။

အခုဂိမ္းသစ္ဟာ ေက်ာ္ၾကားလွတဲ့ဂိမ္း franchise ရဲ႕အခန္းသစ္တစ္ခုျဖစ္တယ္လုိ႔ 343 Industries က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Halo Infinite ဂိမ္းကို Xbox One နဲ႔ Windows 10 ကြန္ပ်ဴတာေတြမွာ ကစားႏိုင္ပါတယ္။

Halo Infinite ကို ဘယ္အခ်ိန္မွာ ျဖန္႔ခ်ိမလဲဆိုတာကိုေတာ့ Microsoft က မထုတ္ျပန္ခဲ့ေပမယ့္ အမွန္တကယ္ထြက္ရွိမယ့္ ကာလထက္ အနည္းဆုံး တစ္ႏွစ္ေလာက္လိုဖြယ္ရိွေၾကာင္း သိရပါတယ္။

စုိးထက္
Ref: TheVerge

[ Unicode ]

Microsoft ဟာ E3 2018 ဂိမ်းပြပွဲမှာ နာမည်ကျော် Halo ဂိမ်းသစ်ကို အမြည်းသဘော မိတ်ဆက်သွားခဲ့ပါတယ်။

Halo Infinite ဂိမ်းသစ်မှာ အလွန်ကြီးမားတဲ့ ကမ္ဘာတစ်ခုပါဝင်ပြီး နာမည်ကျော် Warthog လိုမျိုး ကားတွေပါဝင်လာပါတယ်။ အခုဂိမ်းသစ်ဟာ Master Chief ကိုဗဟိုပြုသွားပြီး Halo 5 အဖြစ်အပျက်တွေအပြီးက ဇာတ်လမ်းကို ပြန်ဆက်သွားမှာဖြစ်ပါတယ်။

Microsoft မိတ်ဆက်တဲ့ ဗီဒီယိုအတိုလေးမှာ Halo Infinite ကိုထောက်ပံ့ထားတဲ့ Slipspace Engine သစ်ကို ဖော်ပြထားပါတယ်။ အနာဂတ် Halo ဂိမ်းတွေနဲ့ အတွေ့အကြုံတွေထောက်ပံ့သွားမယ့် 343 Industries က Halo Infinite ကို ဖန်တီးထားတာဖြစ်ပါတယ်။ Halo Infinite ရဲ့အမည်နဲ့ ဗီဒီယိုအရ Halo ရဲ့ open world ဂိမ်းဗားရှင်းဖြစ်နိုင်တယ်လို့ ရည်ညွှန်းနေပါတယ်။

အခုဂိမ်းသစ်ဟာ ကျော်ကြားလှတဲ့ဂိမ်း franchise ရဲ့အခန်းသစ်တစ်ခုဖြစ်တယ်လို့ 343 Industries က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Halo Infinite ဂိမ်းကို Xbox One နဲ့ Windows 10 ကွန်ပျူတာတွေမှာ ကစားနိုင်ပါတယ်။

Halo Infinite ကို ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာကိုတော့ Microsoft က မထုတ်ပြန်ခဲ့ပေမယ့် အမှန်တကယ်ထွက်ရှိမယ့် ကာလထက် အနည်းဆုံး တစ်နှစ်လောက်လိုဖွယ်ရှိကြောင်း သိရပါတယ်။

စိုးထက်
Ref: TheVerge