Halloween အထိမ်းအမှတ် စတစ်ကာများကို Viber စတစ်ကာစတိုးမှ အခမဲ့ Download ရယူနိုင်မည်

Halloween အထိမ်းအမှတ် စတစ်ကာများကို အခမဲ့ Download ပြုလုပ်နိုင်ပြီဖြစ်ကြောင်း Viber Myanmar ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ Viber ၏ နာမည်ကြီး စတစ်ကာဇာတ်ကောင်များ ဖြစ်သည့် Eve, Freddie Fox, Crystal နှင့် Rocco Raccoon တို့ကို ပွဲတော်အဝတ်အစားများဖြင့် တွေ့မြင်ရမည်ဖြစ်ပြီး Halloween ရာသီအထိမ်းအမှတ် စတစ်ကာ ဒီဇိုင်းပေါင်း ၄၀ ကျော်ကို သူငယ်ချင်းများအား အပျော်သဘော ခြောက်လှန့်ရန်အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

Viber သည် Rakuten ကုမ္ပဏီအုပ်စု၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ register လုပ်ထားသူ ပေါင်း သန်း ၆၈၀ ရှိကာ ပုံမှန်အသုံးပြုသူ သန်း ၄၀၀ ကျော်ရှိမည်ဖြစ်သည်။ Viber ကို iPhone®, Android™phones and Tablets, Windows Phone, BlackBerry®, Blackberry® 10, Windows®, Windows 8®, Mac, Linux, Symbian, Nokia S40 နှင့် Bada devices များတွင် လွယ်လင့်တကူ အသုံးပြုနိုင်ပြီး 3G/4G နဲ့ Wi-Fi ကွန်ရက်များတွင် ချိတ်ဆက် အသုံးပြုနိုင်ကြောင်း သိရသည်။