GUSTO University ၏ Business Management & Strategy ဘာသာရပ် အတွက် ပညာသင်ဆု ချီးမြှင့်မည်

GUSTO University ရဲ့ BA (Hons) Business Management & Strategy Programme ကို ဒီဇင်ဘာလ ကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင်ပြီး လျှောက်ထားသူတွေကို ဂုဏ်ထူးပေါ်မူတည်ကာ ပညာသင်ဆုများချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဘာသာရပ်မှာ ဆယ်တန်း/ IGCSE အောင်မြင်ထားပြီး Management ကို စိတ်ဝင်စားသူတွေ အတွက် အင်္ဂလန်ပညာရေးလမ်းကြောင်းပေါ်သို့ တိုက်ရိုက် တက်ရောက်နိုင်မယ့် Programme ဖြစ်ပါတယ်။ သမားရိုးကျစီးပွားရေးနဲ့စီမံခန့်ခွဲမှုဘာသာရပ် သက်သက်သာ မဟုတ်ဘဲ Latest Modern Business Environment ကိုချဉ်းကပ်ထားတဲ့ သင်ရိုးညွှန်းတမ်းများဖြစ်တဲ့အပြင် ယနေ့ခေတ် အောင်မြင်သောစီးပွားရေးလုပ်ငန်းကြီးများ လက်တွေ့အသုံးပြုနေသော မဟာဗျူဟာများကို ထပ်တိုးအနေဖြင့် လေ့လာသင်ကြားရမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလမှာ Foundation မှ ဘွဲ့ ရရှိသည်အထိ ၃ နှစ်ခွဲ ကြာမြင့်မှာ ဖြစ်ပြီး University of Gloucestershire မှ တိုက်ရိုက်ပေးအပ်ချီးမြှင့်တဲ့ BA (Hons) Business Management & Strategy ဘွဲ့ကိုရရှိမှာပဲ ဖြစ်ပါတယ်။
တက်ရောက်လိုသူတွေ အနေနဲ့ Gusto University ဖုန်း-၀၉၇၈၉၈၈၈၂၂၂ နဲ့ ၀၉၄၂၉၉၉၁၀၀၉ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««