Gusto University မှ Academic English Writing Course သင်တန်းဖွင့်မည်

Academic English Writing Course ( Batch 2 ) သင်တန်းကို Gusto University မှ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ပညာသင်ဆု နဲ့. ကျောင်းဝင်ခွင့်တွေလျှောက်ထားတဲ့အခါ ၊ Thesis / Research တွေ တွေ့ရှိချက်တွေကို ပြန်လည်ရေးသားတဲ့အခါ၊ ကောင်းမွန်စွာနဲ့ လိုရင်းကို ထိမိအောင် ဖော်သားနိုင်စေဖို့ ပြင်ဆင်ပေးထားတဲ့ အတန်းဖြစ်ပါတယ်။ ၁၅ နာရီ ကြာမြင့်မှာဖြစ်သော်လည်း လက်တွေ့လုပ်ဆောင်ရမှု ( workshop ) ကို အခြေခံကာ သင်ကြားရမှာဖြစ်ပြီး နာရီပေါင်း ၄၀~၆၀ သင်ယူရသကဲ့သို့ တတ်မြောက်မှုမျိုးကို ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

Digital Learning Platform ကို အသုံးပြု သင်ယူရမှာဖြစ်သော်လည်း စာသင်ခန်းထဲတွင် သင်ယူရသလို ထိမိစွာ တတ်မြောက်စေရန်အတွက် Synchronous & Asynchronous learning method ကို အသုံးပြုထားသော GUSTO ရဲ့ GLMS Learning Platform ကို အသုံးပြုကာ နိုင်ငံတကာမှ သင်ယူမှုပုံစံကဲ့သို့ အသုံးပြု သင်ယူရမှာဖြစ်တယ်လို့သိရပါတယ်။

သင်တန်းကို ဇွန် ၂၉ ရက် မှစတင်ကာ တင်နင်္လာမှ ကြာသပတေးအထိ ညနေ ၅ နာရီမှ ၆ နာရီခွဲအထိ ၁၅ နာရီကြာ သင်ကြားရမှာ ဖြစ်ပါတယ်။ Native Speaker နဲ့ တွဲဖက်သင်ကြားရမှာဖြစ်တာကြောင့် လိုအပ်ချက်အနေနဲ့ ညီမျှသော အင်္ဂလိပ်စာ သတ်မှတ်ချက် ကိုက်ညီမှုရှိမရှိ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုဖို့လိုအပ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ အသေးစိတ်ကို ဖုန်း-၀၉၇၈၉၈၈၈၂၂၂ နဲ့ ၀၉၄၂၉၉၉၁၀၀၉ ကိုဆက်သွယ်မေးမြန်း နိုင်ပါတယ်။

-သန္တာ