Group video chat နဲ႔ custom AR filter သစ္ေတြကို ျဖန္႔ခ်ိလိုက္တဲ့ Instagram

[ Zawgyi ]

F8 developers ကြန္ဖရင့္စ္မွာ Instagram feature သစ္ေတြကို မိတ္ဆက္ေၾကညာခဲ့တဲ့ Facebook ဟာ ဒီကေန႔မွာေတာ့ IGTV မိတ္ဆက္မႈနဲ႔အတူ အဆိုပါ feature သစ္ေတြကို iOS နဲ႔ Android အတြက္ ျဖန္႔ခ်ိေပးလိုက္ၿပီျဖစ္ပါတယ္။

အဲ့ဒီ feature သစ္ေတြမွာ video chatting feature သစ္၊ ထင္ေပၚေက်ာ္ၾကားသူေတြလို third party ေတြ ဖန္တီးထားတဲ့ custom AR filter သစ္ေတြနဲ႔ Explore tab ဒီဇိုင္းသစ္တို႔ ပါဝင္ပါတယ္။

Video chatting ကို Instagram Direct tab ကေန အသံုးျပဳႏုိင္ပါတယ္။ Video chat ကို သူငယ္ခ်င္းတစ္ေယာက္ခ်င္းစီနဲ႔ ျပဳလုပ္ႏုိင္သလို ေလးေယာက္အထိ အုပ္စုဖြဲ႕ၿပီးလည္း ျပဳလုပ္ႏုိင္ပါတယ္။

တစ္ေယာက္ေယာက္ဆီကေန video chat ကို လက္မခံခ်င္ဘူးဆိုရင္လည္း block သို႔မဟုတ္ mute ျပဳလုပ္ထားႏိုင္ပါတယ္။ Explore tab ဒီဇိုင္းသစ္ကေတာ့ search tab ကို “animals” နဲ႔ “architecture” တို႔လုိ အေၾကာင္းအရာအျပင္ ေရပန္းစားေနတဲ့ hashtag ေတြနဲ႔ ရွာေဖြမႈပံုစံအျဖစ္ ေျပာင္းလဲထားပါတယ္။

Instagram update သစ္ရဲ႕ စိတ္ဝင္စားဖြယ္ရာအေကာင္းဆံုး feature ကေတာ့ Stories အတြက္ custom AR filter ေတြျဖစ္ပါတယ္။ ဒါဟာ Instagram က third party ေတြကို filter ဖန္တီးခြင့္ ပထမဆံုး ေပးထားတာ ျဖစ္ပါတယ္။ စတင္မိတ္ဆက္ခ်ိန္မွာ Ariana Grande, NBA နဲ႔ BuzzFeed စတဲ့ filter ေတြ ပါဝင္လာပါတယ္။ နာမည္ေက်ာ္ AR-style camera effect ေတြျဖစ္တဲ့ Snapchat lens ေတြလိုပဲ အဆိုပါ Instagram filter သစ္ေတြဟာ ဓာတ္ပံုတစ္ပံု ဒါမွမဟုတ္ selfie ကို virtual effect ေတြ၊ object ေတြနဲ႔ ဖန္တီးေစႏိုင္မွာ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

F8 developers ကွန်ဖရင့်စ်မှာ Instagram feature သစ်တွေကို မိတ်ဆက်ကြေညာခဲ့တဲ့ Facebook ဟာ ဒီကနေ့မှာတော့ IGTV မိတ်ဆက်မှုနဲ့အတူ အဆိုပါ feature သစ်တွေကို iOS နဲ့ Android အတွက် ဖြန့်ချိပေးလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီ feature သစ်တွေမှာ video chatting feature သစ်၊ ထင်ပေါ်ကျော်ကြားသူတွေလို third party တွေ ဖန်တီးထားတဲ့ custom AR filter သစ်တွေနဲ့ Explore tab ဒီဇိုင်းသစ်တို့ ပါဝင်ပါတယ်။

Video chatting ကို Instagram Direct tab ကနေ အသုံးပြုနိုင်ပါတယ်။ Video chat ကို သူငယ်ချင်းတစ်ယောက်ချင်းစီနဲ့ ပြုလုပ်နိုင်သလို လေးယောက်အထိ အုပ်စုဖွဲ့ပြီးလည်း ပြုလုပ်နိုင်ပါတယ်။

တစ်ယောက်ယောက်ဆီကနေ video chat ကို လက်မခံချင်ဘူးဆိုရင်လည်း block သို့မဟုတ် mute ပြုလုပ်ထားနိုင်ပါတယ်။ Explore tab ဒီဇိုင်းသစ်ကတော့ search tab ကို “animals” နဲ့ “architecture” တို့လို အကြောင်းအရာအပြင် ရေပန်းစားနေတဲ့ hashtag တွေနဲ့ ရှာဖွေမှုပုံစံအဖြစ် ပြောင်းလဲထားပါတယ်။

Instagram update သစ်ရဲ့ စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး feature ကတော့ Stories အတွက် custom AR filter တွေဖြစ်ပါတယ်။ ဒါဟာ Instagram က third party တွေကို filter ဖန်တီးခွင့် ပထမဆုံး ပေးထားတာ ဖြစ်ပါတယ်။ စတင်မိတ်ဆက်ချိန်မှာ Ariana Grande, NBA နဲ့ BuzzFeed စတဲ့ filter တွေ ပါဝင်လာပါတယ်။ နာမည်ကျော် AR-style camera effect တွေဖြစ်တဲ့ Snapchat lens တွေလိုပဲ အဆိုပါ Instagram filter သစ်တွေဟာ ဓာတ်ပုံတစ်ပုံ ဒါမှမဟုတ် selfie ကို virtual effect တွေ၊ object တွေနဲ့ ဖန်တီးစေနိုင်မှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge