
Faceboook ဟာ ဒီနှစ်အစောပိုင်းမှာ Group Stories feature ကိုဖြန့်ချိပြီးနောက် ပြီးခဲ့တဲ့လက အဲဒီ feature ကိုပိတ်သိမ်းလိုက်ပါတယ်။ အခုဆိုရင် ကုမ္ပဏီက Instagram မှာ အလားတူ feature ကိုစမ်းသပ်နေပါတယ်။
Instagram မှာ story တစ်ခု ဖန်တီးတဲ့အခါမှာ သုံးစွဲသူက “share to Group Story” ဆိုတဲ့ ရွေးချယ်မှုအသစ် ပါဝင်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ story က group message thread ထဲမှာပဲ ပေါ်မှာ ဖြစ်ပါတယ်။
Instagram is testing Group Story pic.twitter.com/zNKaV19kYA
— Jane Manchun Wong (@wongmjane) October 5, 2019
သူငယ်ချင်းတစ်ဖွဲ့က ပွဲတစ်ခုတည်းကို တက်ရောက်တဲ့အခါမှာ Group Story ကအသုံးဝင်လာနိုင်ပါတယ်။ တစ်နေရာတည်းမှာ သုံးစွဲသူရဲ့ story တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ကဏ္ဍတစ်ခုအတွက် ရည်ရွယ်တဲ့ group တစ်ခုမှာ အများပြည်သူအတွက် ရည်ရွယ်တဲ့ story ကိုလည်း တင်နိုင်မှာ ဖြစ်ပါတယ်။
စိုးထက်
Ref: 9to5Mac