Group ထဲကို contact တွေထည့်သွင်း ရွေးချယ်ခွင့်ပြုလိုက်တဲ့ WhatsApp

WhatsApp က သုံးစွဲသူတွေအတွက် setting အသစ်တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။ အဲဒီ setting က WhatsApp ပေါ်မှာ group တွေထဲထည့်သွင်းနိုင်တဲ့ contact စာရင်းကို သုံးစွဲသူက ရွေးချယ်ပေးနိုင်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ WhatsApp ဗားရှင်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အရင်ဗားရှင်းမှာတော့ သုံးစွဲသူကို group တွေထဲ ထည့်ဖို့ လူတိုင်းကို ခွင့်ပြုတာ၊ contact ထဲကလူတွေအားလုံးကို ခွင့်ပြုတာ အပြင် ခွင့်ပြုချက်မပေးထားတာ စတာတွေပဲ ရွေးချယ်နိုင်ပါတယ်။

အခုဗားရှင်းသစ်မှာတော့ သုံးစွဲသူကို group တွေထဲ ထည့်သွင်းနိုင်မယ့် လူတစ်ဦးချင်းစီကို ရွေးချယ်နိုင်ပါတယ်။သုံးစွဲသူက WhatsApp ကိုဖွင့်ပြီး Settings > Accounts > Privacy > Groups ထဲက “My contacts except for…” ကိုရွေးချယ်ပြီး contact ကိုရွေးချယ်နိုင်ပါတယ်။

-စိုးထက်
Ref: TheNextWeb