Graphic Design သင်တန်းသစ်ဖွင့်မည်

Adobe Photoshop နှင့် Adobe Illustrator Software အသုံးပြုပြီး ကြော်ငြာဒီဇိုင်းများ ပြုလုပ်ခြင်း၊ ဓါတ်ပုံ ပြုပြင်ခြင်း၊ Logo ဒီဇိုင်းများ ဖန်တီးခြင်းနှင့် လက်ကမ်းစာစောင်များ ပြုလုပ်ခြင်းတွေကို သင်ကြားပေးမယ့် Graphic Desing သင်တန်းကို ဇန်နဝါရီ ၈ ရက်မှာ မန္တလေးရှိ THEC မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Graphic Design မှာအဓိကကျတဲ့ Visual Arts, Typography နဲ့ Page Layout စတဲ့အခြေခံ သဘောတရား တွေကိုလည်း သင်ကြားပေးမယ်လို့သိရပါတယ်။သင်တန်းတက်ရောက်ပြီးပါကလည်းGraphic Design နဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပြီး ဖြစ်အောင် တာဝန်ယူသင်ကြားပေးမယ်လို့သိရပါတယ်။

သင်တန်းကာလ ၃ လကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေး ၈၀,၀၀၀ကျပ် နဲ့ THEC မန္တလေး ဖုန်း ၀၉၄၄၂၀၇၆၆၇၇ မှာ ဆက်သွယ် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။