Grade (1) မှ Grade (11) များအတွက် ဗီဒီယိုသင်ခန်းစာများ လေ့လာနိုင်မည့် Waso Learn Mobile Application ကို မိတ်ဆက်

Strategy First Education Group မှစီစဉ်တဲ့ Waso Learn Mobile Application ကို ဇူလိုင် ၂၀ ရက် မှ စတင် အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်း Grade (1) မှ Grade (11) မှာတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ဝါရင့်အတွေ့ကြုံရှိ ဆရာကြီး၊ ဆရာမကြီးများ သင်ကြားထားတဲ့ ဗီဒီယိုသင်ခန်းစာတွေကို Waso Learn Mobile Application မှတစ်ဆင့် လွယ်ကူစွာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Mobile Application ကိုစမ်းသပ်အသုံးပြုလိုသူတွေအနေနဲ့ https://www.surveymonkey.com/r/ZD6JXRX မှာ စာရင်းပေးသွင်းနိုင်ပြီး အသုံးပြုရာမှာ တွေ့ရမယ့် အဆင်မပြေမှု၊ အခက်အခဲတွေကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Waso Learn App ကို ဦးဦးဖျားဖျား အသုံးပြုလိုသူတွေအတွက် ကြိုတင်ဝယ်ယူနိုင်အောင် စီစဉ်ထားပြီး Pre-Order ဝယ်ယူလိုသူတွေ အနေနဲ့ https://bit.ly/Waso_PreOrder မှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

အဆိုပါ App ကို တစ်နိုင်ငံလုံးရှိ အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနဲ့ ပရဟိတကျောင်းများမှာ သင်ကြားပြသပေးနေတဲ့ ဆရာ၊ ဆရာမများအတွက် အခမဲ့ အသုံးပြုနိုင်အောင် စီစဉ်လှူဒါန်းပေးသွားမှာဖြစ်ပြီး App မှာ အင်္ဂလိပ်စာ ဖတ်စာအုပ် အသံဖိုင်တွေကို အခကြေးငွေပေးရန် မလိုဘဲ အခမဲ့ နားထောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ပညာသင်နှစ်တစ်နှစ်၊ အတန်းတစ်တန်းစာအတွက် မူလတန်းအဆင့် – ၃၀၀၀ ကျပ်၊ အလယ်တန်းအဆင့် – ၅၀၀၀ ကျပ်နဲ့ အထက်တန်း – ၁၉၀၀၀ ကျပ် (ဘာသာစုံ) သာကျသင့်မှာ ဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းအတွက် ယခု ၃ လမှာ အင်္ဂလိပ်စာအတန်းတွေသာ စတင်လေ့လာနိုင်မှာ ဖြစ်ပါတယ်။အသေးစိတ်ကို ဖုန်း – ၀၉၂၆၆၈၀၅၀၀၁၊ ၀၉၂၆၆၈၀၅၀၀ နဲ့ ၀၉၂၆၆၈၀၅၀၀၄ ကို ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ