GrabThoneBane ဝန္ေဆာင္မႈ မႏၱေလးတြင္ျပဳလုပ္

[ Zawgyi ]

ပံုေသေစ်းႏႈန္းနဲ႔ ငွမ္းရမ္းႏိုင္မယ့္ Grab ရဲ႕ သံုးဘီးဝန္ေဆာင္မႈကို မႏၱေလးမွာ စတင္လိုက္ပါတယ္။

GrabThoneBane အမည္ရ သံုးဘီးအငွားယဥ္ ဝန္ေဆာင္မႈကို ၂၀၁၈ ေမ ၁၄ ရက္က စတင္စမ္းသပ္ေျပးဆြဲေနၿပီး အခုအခါ တရားဝင္စတင္ေျပးဆြဲၿပီလို႔ သိရပါတယ္။ Grab application ကို မိုဘိုင္းဖုန္းမွာ ထည့္သြင္းအသံုးျပဳကာ GrabThoneBane ကို ဝင္ေရာက္ေရြးခ်ယ္ ငွားရမ္းႏိုင္မွာျဖစ္တယ္လို႕ Grab မွတာဝန္ရွိသူက မႏၱေလးၿမိဳ႕ ၾသဂုတ္ ၈ ရက္က Hotel Marvel မွာ သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ၿပီး သတင္းထုတ္ျပန္တာ ျဖစ္ပါတယ္။ သံုးဘီးယဥ္အေရအတြက္ လည္း စမ္းသပ္ေျပးဆြဲခ်ိန္ကထက္ ႏွစ္ဆ တိုးလာတာျဖစ္ၿပီး အပလီေကးရွင္းအသံုးျပဳ စီးနင္းသူလည္း လ စဥ္ ၅၀% တိုးတက္လာတယ္လို႔ သတင္းထုတ္ျပန္ ခဲ့တာျဖစ္ပါတယ္။

GrabThoneBane အေနနဲ႔ အမိုးအကာလံုၿခံဳၿပီး ကုန္ပစၥည္းသယ္ယူႏိုင္ကာ အလီေကးရွင္းမွာလည္း အေရးေပၚဖုန္းေခၚေပးမႈစနစ္ေတြ၊ ေစ်းႀကိဳတင္သိရွိႏိုင္တာေတြနဲ႔ ထိခိုက္မႈအာမခံစနစ္ေတြ ပါဝင္ပါတယ္။ Share my Ride စနစ္ပါဝင္လာၿပီး မိမိစီးနင္းေနတဲ့ ခရီးစဥ္ကို ရင္းႏွီးသူဆီ တိုက္႐ိုက္ Live လႊင့္ၿပီးပို႔ ထားေပးႏိုင္မွာျဖစ္ပါတယ္။ ခရီးစဥ္ အေျခအေနအရ ၁ ကီလိုမီတာကို ပ်မ္းမ်ွ ၃၀၀ က်ပ္ႏႈန္း က်သင့္မယ္လို႔ သိရပါတယ္။ မႏၱေလးမွာ Grab မွ Grab Taxi, Grab Bike(Beta) နဲ႔ GrabThoneBane စတဲ့ ဝန္ေဆာင္မႈေတြ ေျပးဆြဲေပးေနေၾကာင္း သိရပါတယ္။

-ေကာင္းျမတ္ထြန္း

[ Unicode ]

ပုံသေစျေးနှုန်းနဲ့ ငှမ်းရမ်းနိုင်မယ့် Grab ရဲ့ သုံးဘီးဝန်ဆောင်မှုကို မန္တလေးမှာ စတင်လိုက်ပါတယ်။

GrabThoneBane အမည်ရ သုံးဘီးအငှားယဉ် ဝန်ဆောင်မှုကို ၂၀၁၈ မေ ၁၄ ရက်က စတင်စမ်းသပ်ပြေးဆွဲနေပြီး အခုအခါ တရားဝင်စတင်ပြေးဆွဲပြီလို့ သိရပါတယ်။ Grab application ကို မိုဘိုင်းဖုန်းမှာ ထည့်သွင်းအသုံးပြုကာ GrabThoneBane ကို ဝင်ရောက်ရွေးချယ် ငှားရမ်းနိုင်မှာဖြစ်တယ်လို့ Grab မှတာဝန်ရှိသူက မန္တလေးမြို့ သြဂုတ် ၈ ရက်က Hotel Marvel မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။ သုံးဘီးယဉ်အရေအတွက် လည်း စမ်းသပ်ပြေးဆွဲချိန်ကထက် နှစ်ဆတိုးလာတာဖြစ်ပြီး အပလီကေးရှင်းအသုံးပြု စီးနင်းသူလည်း လ စဉ် ၅၀% တိုးတက်လာတယ်လို့ သတင်းထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။

GrabThoneBane အနေနဲ့ အမိုးအကာလုံခြုံပြီး ကုန်ပစ္စည်းသယ်ယူနိုင်ကာ အလီကေးရှင်းမှာလည်း အရေးပေါ်ဖုန်းခေါ်ပေးမှုစနစ်တွေ၊ စျေးကြိုတင်သိရှိနိုင်တာတွေနဲ့ ထိခိုက်မှုအာမခံစနစ်တွေ ပါဝင်ပါတယ်။ Share my Ride စနစ်ပါဝင်လာပြီး မိမိစီးနင်းနေတဲ့ ခရီးစဉ်ကို ရင်းနှီးသူဆီ တိုက်ရိုက် Live လွှင့်ပြီးပို့ ထားပေးနိုင်မှာဖြစ်ပါတယ်။ ခရီးစဉ် အခြေအနေအရ ၁ ကီလိုမီတာကို ပျမ်းမျှ ၃၀၀ ကျပ်နှုန်း ကျသင့်မယ်လို့ သိရပါတယ်။ မန္တလေးမှာ Grab မှ Grab Taxi, Grab Bike(Beta) နဲ့ GrabThoneBane စတဲ့ ဝန်ဆောင်မှုတွေ ပြေးဆွဲပေးနေကြောင်း သိရပါတယ်။