GrabMart ကို စတင်မိတ်ဆက်

စားသောက်ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ကျန်းမာရေးနှင့် အလှအပရေးရာ အသုံးအဆောင်နှင့် လက်ဆောင်ပစ္စည်းတွေကို Grab App အသုံးပြုကာ ရန်ကုန်မြို့ရှိ ရာပေါင်းများစွာသော ဆိုင်များမှ အဆင်ပြေလွယ်ကူစွာ တိုက်ရိုက် ဝယ်ယူနိုင်မယ့် GrabMart ဝန်​ဆောင်မှုသစ်ကို စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

အဆိုပါ ဝန်​ဆောင်မှု အသုံးပြု မှာယူမှုတစ်ခုစီတိုင်းကို တစ်နာရီအတွင်း အိမ်အရောက်ပို့ဆောင်ပေးမှာဖြစ်ပြီး မိမိတို့ရဲ့ အမှာအော်ဒါ လက်ခံပို့ဆောင်မှုအဆင့်ဆင့်ကို ဝယ်ယူတဲ့နေရာမှ လက်ဝယ်ရတဲ့အထိ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်မှာလည်းဖြစ်ပါတယ်။

GrabMart ရဲ့ မိတ်ဖက်လုပ်ငန်း စတိုးဆိုင်များစာရင်းတွင် ရပ်ကွက်တွင်း မီနီမတ်များ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ထုပ်ပိုးပြီး လူသုံးကုန်ပစ္စည်းများနှင့် ကုန်စိမ်းရောင်းချသူ မိတ်ဖက်များ ပါဝင်တယ်လို့သိရပါတယ်။

GrabMart တွင်းရှိ “Essentials” ဆိုင်ဟာ G&G နဲ့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအရ ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၁၁ ခု ဖြစ်သော ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လှိုင်နဲ့ မြေနီကုန်း တောင်ဘက် မြို့နယ်များမှာ နေထိုင်ကြတဲ့ အိမ်ထောင်စု​တွေက ထောင်ချီတဲ့ အမှတ်တံဆိပ် အမျိုးမျိုးနဲ့ နေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ လူသုံးကုန်ပစ္စည်း​တွေကို GrabMart မှ တစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

GrabMart ကို သုံးစွဲဖို့အတွက် App အသစ်တစ်ခု ဒေါင်းလုတ်ရယူရန် မလိုအပ်ဘဲ Grab App ရဲ့ ပင်မစာမျက်နှာရှိ Mart အိုင်ကွန်ကို ရွေးချယ်ရုံဖြင့် ဝန်ဆောင်မှုအသစ်ကို စတင်အသုံးပြုနိုင်မယ်လို့သိရပါတယ်။ GrabMart ဝန်ဆောင်မှုကို မြန်မာနိုင်ငံအပါအဝင် မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစတဲ့ နိုင်ငံပေါင်း ၈ နိုင်ငံမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း