GrabKitchen ကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

GrabKitchen ကို ရန်ကုန်မြို့ အရှေ့အလယ်ပိုင်း၊ တာမွေမြို့နယ်၊ ဓမ္မဒါနလမ်းပေါ်ရှိ Super Container Park မှာ ယနေ့ မှစတင်ပြီး ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

“ကျွန်တော်တို့ Grab နဲ့ပူးပေါင်းပြီး လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နာမည်ကြီး မိတ်ဖက်စားသောက် ဆိုင်ပိုင်ရှင်တွေနဲ့အတူ ရန်ကုန်မြို့မှာ ပထမဦးဆုံးသော GrabKitchen ကို စမ်းသပ်ဖွင့်လှစ်နိုင်ခဲ့လို့ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်စားသောက်ဆိုင် ပိုင်ရှင်တွေနဲ့အတူ ဆက်လက် ပူးပေါင်းလုပ်ကိုင်ပြီး အစားအသောက် ဝယ်လိုအားနဲ့ ရောင်းလိုအားကြားက ကွာဟချက်တွေကို ဖြည့်ဆည်း ပေးနိုင်မယ်၊ တစ်နေရာတည်းမှာ အစားအသောက်မျိုးစုံကို နှုန်းထားအမျိုးမျိုးနဲ့ အစုံအလင်ရနိုင်အောင် တိုးချဲ့ ဝန်ဆောင်ပေးနိုင်မယ်၊ ပြီးတော့ မှာယူစားသုံးသူတွေရဲ့ လိုအပ်ချက်အရ အဆင်ပြေ လွယ်ကူစွာ မှာယူနိုင်မယ့် အစား အသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်းမင်းက ပြောပါတယ်။

Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood မှတစ်ဆင့် မှာယူနိုင်မှာဖြစ်ပြီး GrabKitchen တွင် ဆိုင်ခန်းနေရာများယူကာ လာမယ့် ရုံးပိတ်ရက်များတွင် အစားအသောက် အော်ဒါများကို လက်ခံ ရောင်းချပေးမယ့် မိတ်ဖက် စားသောက်ဆိုင်တွေက Lotteria – ကြက်ကြော်မျိုးစုံ ၊ Titu’s Indian Bistro – ဒန်ပေါက်၊ Tikka ဟင်းလျာများနှင့် မဆလာလက်ဖက်ရည်၊ Ya Kun Kaya Toast – ထမင်းနှင့် ကြက်သားဟင်း အစုံလိုက်၊ Tea Live – နာမည်ကျော် Bubble Tea နှင့် Milk Tea များ၊ Heineken ၊ Tiger ၊ ABC နှင့် Bawdar – Thirst quenching ဘီယာများ၊ Best Choice Kyae-Oh & BBQ – ဝက်နံရိုးမီးတောက်၊ Mala Spice – စားသုံးသူအကြိုက် စားချင့်စဖွယ် မာလာရှမ်းကော၊ Cozy Bar & Restaurant တို့ဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ခန်းကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပနှင့် မင်္ဂလာတောင်ညွှန့် စတဲ့ ရန်ကုန်မြို့ရှိ မြို့နယ် (၄) နေရာကိုလည်း GrabFood ဝန်ဆောင်မှု ရယူနိုင်တဲ့ ဧရိယာများအဖြစ်တိုးချဲ့ထားတယ်လို့သိရပါတယ်။ GrabFood အသုံးပြုသူများအနေနဲ့ GrabKitchen စားသောက်ဆိုင်အမျိုးမျိုးမှ အော်ဒါများကို တစ်ကြိမ်တည်းစုစည်း မှာယူနိုင်မှာဖြစ်ပြီးဧပြီ ၁၀ ရက် မှ ၂၀ ရက်အတွင်း အော်ဒါတစ်ခုလျှင် အနည်းဆုံး ၁၀,၀၀၀ ကျပ်ဖိုး ဝယ်ယူသူများအနေနဲ့ ပရိုမိုကုဒ် ‘GRABKITCHEN’ ကို အသုံးပြုကာ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်မယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း