GrabFood မှ ဇူလိုင်လ တစ်လတာလုံး အခမဲ့ ပို့ဆောင်ပေးမည့် အစီအစဉ် ပြုလုပ်

GrabFood မှ စားသုံးသူများ အကြိုက်ဆုံးဖြစ်တဲ့ စားသောက်ဆိုင် (၅၀) ကနေ မှာယူပါက ဇူလိုင် တစ်လလုံး အစားအသောက်တွေ အခမဲ့ ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

အခမဲ့ ပို့ဆောင်မှုကြောင့် GrabFood ဝန်ဆောင်မှု အသုံးပြုသူတွေအနေနဲ့ အထူးသဖြင့် ယခုကဲ့သို့ မိုးရာသီကာလအတွင်း အပြင်ထွက်ဝယ်ယူရန် မလိုဘဲ မိမိတို့ ကြိုက်နှစ်သက်တဲ့ အစားအသောက် တွေကို လွယ်ယူအဆင်ပြေစွာ မှာယူသုံးဆောင်နိုင်မယ်လို့ သိရပါတယ်။

GrabFood မှ ယခုကဲ့သို့ အခမဲ့ ပို့ဆောင်ပေးခြင်းဖြင့် အစားအသောက်မှာယူ စားသုံးသူများ အများဆုံး ရွေးချယ်မှာယူလေ့ရှိတဲ့ စားသောက်ဆိုင်များဖြစ်တဲ့ Lotteria, KFC, YKKO, The Pizza Company, Gong Cha နဲ့ KSS ဒံပေါက်ဆိုင် အပါအဝင် အခြားသော လူကြိုက်များတဲ့ စားသောက်ဆိုင်တွေရဲ့ အော်ဒါပမာဏနဲ့ ရောင်းအားကိုပါ မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရှိ GrabFood မှာယူစားသုံးသူတွေ အနေနဲ့ ပို့ဆောင်ခ အခမဲ့ရရှိနိုင်တဲ့ စားသောက်ဆိုင်တွေကို Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood Homepage ရဲ့ Free delivery အုပ်စုထဲမှာ အလွယ်တကူ တွေ့ရှိနိုင်မှာဖြစ်ပြီး အခမဲ့ ပို့ဆောင်မှု ရရှိနိုင်ဖို့အတွက် ပရိုမိုကုဒ် JUSTEAT ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်ဖို့ အနည်းဆုံး ငွေကျပ် (၄,၀၀၀) ဖိုး မှာယူရမည်ဖြစ်ပြီး နေ့စဉ် ပထမဦးဆုံး မှာယူသော အော်ဒါ (၅၀၀) အထိ အခမဲ့ ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ