Grab Bike စမ်းသပ်ပြေးဆွဲခြင်း မန္တလေးတွင်စတင်

မန္တလေးမှာ Grab Bike စမ်းသပ်ပြေးဆွဲမှုကို စတင်လိုက်ကြောင်းသိရပါတယ်။ အခုလို စတင်ရခြင်းမှာ မန္တလေးရှိ သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်လာစေဖို့အတွက် ရည်ရွယ်ကြောင်းသိရပါတယ်။

Grab မိုဘိုင်း Application ကိုအသုံးပြုပြီး လုံခြုံမှုရှိစေမယ့် ဆိုင်ကယ်တက္ကစီတွေကို ငှားရမ်းကာ မိမိသွားမယ့် ခရီးစဉ်အတွက်လည်း ကြိုတင်သိရှိနိုင်မှာဖြစ်သလို ငွေကြေးကိုပုံသေသတ်မှတ်ပေးထားမှာ ဖြစ်ပါတယ်။

Grab Bike စမ်းသပ်ပြေးဆွဲခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၇ ရက်ကတည်းက ပြေးဆွဲနေခြင်းဖြစ်ကာ ၀န်ဆောင်မှုတွေကို တိုးမြှင့်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ Application ကို Google Playstore နဲ့ Apple App Store တို့မှာ အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။

-အောင်သက်ကို