Grab အက်ပလီကေးရှင်းတွင် Hotels ဝန်ဆောင်မှု လုပ်ဆောင်ချက်ကို ထည့်သွင်း

Grab အနေနဲ့ Agoda နဲ့ Booking.com တို့မှာရရှိနိုင်တဲ့ ဟိုတယ်နှင့် အခြားနေရာထိုင်ခင်း အစီအစဉ်တွေကို Grab App မှ တိုက်ရိုက်ကြိုတင်မှာယူနိုင်မယ့် Hotels အမည်ရှိတဲ့ဝန်ဆောင်မှု လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။

“Grab ရဲ့ ‘Hotels’ ဝန်ဆောင်မှုက အသုံးပြုသူတွေကို လာမယ့် ပိတ်ရက်ခရီးအတွက်ပဲဖြစ်ဖြစ်၊ staycation နေပြီး နားချင်လို့ပဲဖြစ်ဖြစ် ဟိုတယ်တစ်ခုခုမှာ ဘွတ်ကင်တင်တဲ့အခါ ပိုပြီး စိတ်ကျေနပ်မှုရှိစေမှာပါ။ ဒီဝန်ဆောင်မှုက ပိတ်ရက်တွေမှာ မကြာခဏ ခရီးထွက်တတ်တဲ့ လုပ်ငန်းခွင်က လူငယ်တွေ၊ မိသားစုခရီးထွက်ဖို့ ဈေးအတန်ဆုံးတည်းခိုစရာ နေရာရှာချင်တဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။ ‘Hotels’ ဝန်ဆောင်မှုကို သုံးပြီး Grab အသုံးပြုသူတွေဟာ ကမ္ဘာ့ထိပ်တန်း ဟိုတယ်ဘွတ်ကင် ဝက်ဘ်ဆိုက်တွေကနေ ကိုယ့်ရဲ့ဘတ်ဂျတ်တွင်းမှာရှိတဲ့ အကောင်းဆုံးဟိုတယ်တွေကို ရှာနိုင်မှာဖြစ်တဲ့အပြင် Grab သုံးတဲ့သူတွေပဲ ရနိုင်မယ့် အထူးဈေးနှုန်းတွေနဲ့ သီးသန့်လျှော့ဈေးတွေကိုလည်း ရရှိခံစားနိုင်မှာပါ” လို့ Grab Myanmar ရဲ့ Country Head ဖြစ်သူ Cindy Toh က ပြောပါတယ်။

တည်းခိုလိုတဲ့ ဟိုတယ်ကို ကြိုတင်မှာယူလိုသူ အနေနဲ့ မှာယူပြီးစီးပါက မိမိရွေးချယ်လိုက်တဲ့ နေရာမှ အသုံးပြုသူထံ အတည်ပြုတဲ့မေးလ်တစ်စောင် ပြန်လည်ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။ Hotels ကြိုတင်မှာယူသည့် ဝန်ဆောင်မှု စတင်မိတ်ဆက်လိုက်တဲ့ အထိမ်းအမှတ်အဖြစ် အထူးသီးသန့် လျှော့ဈေးတွေကို ရယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။