Grab ယာဥ္ေမာင္းမ်ားအတြက္ Better 365 အစီအစဥ္ျပဳလုပ္

[ Zawgyi ]

Grab ယာဥ္ေမာင္းေတြအတြက္ Better 365 အစီအစဥ္ျပဳလုပ္လိုက္ေၾကာင္း သိရပါတယ္။

ပလက္တီနမ္အဆင့္ ယာဥ္ေမာင္းေတြအတြက္ အထူးအစီအစဥ္၊ မိတ္ဖက္ယာဥ္ေမာင္းေတြ အတြက္ GrabBenefits အစီအစဥ္နဲ႔ စြမ္းေဆာင္ရည္ျမင့္ ယာဥ္ေမာင္းေတြအတြက္ အပတ္စဥ္အပိုဆု အစီအစဥ္စတဲ့ အပိုင္း သံုးပိုင္းနဲ႔ အက်ိဳးခံစားခြင့္ကို တစ္ႏွစ္တာအတြင္း ၃၆၅ ရက္လံုး ရယူခံစားႏိုင္မယ္လို႔ Grab ရဲ႕ Training Manager ဦးမ်ိဳးသိန္းကေျပာပါတယ္။ “ဇူလိုင္ ၂ ရက္ကေနစၿပီး ခံစားခြင့္ ရရွိမွာျဖစ္ပါတယ္” လို႔ ေျပာပါတယ္။

ပလက္တီနမ္အဆင့္ ယာဥ္ေမာင္းေတြအတြက္ အထူးအစီအစဥ္မွာ ဆုေၾကးေငြ၊ ေမတၱာလက္ေဆာင္ အစရွိတာေတြ ပါဝင္ပါတယ္။ GrabBenefits အစီအစဥ္မွာ အစားအေသာက္၊ ကားျပဳျပင္ထိန္းသိမ္းေရး၊ မိုဘိုင္းဖုန္းျပဳျပင္ေရး ဝန္ေဆာင္မႈ အစရွိတာေတြ ပါဝင္ပါတယ္။ စြမ္းေဆာင္ရည္ျမင့္ ယာဥ္ေမာင္းေတြအတြက္ အစီအစဥ္မွာ ေပးေနက် အပတ္စဥ္အပိုဆု ေၾကးအျပင္ On the spot ဆုေၾကးလို႔ နာမည္ေပးထားတဲ့ အစီအစဥ္ပါဝင္ၿပီး ခရီးသည္တစ္ဦးကို သြားေရာက္ႀကိဳေပးရတဲ့ ခရီးအတြက္ အခ်ိန္ ၁၀ မိနစ္ထက္ ေက်ာ္လြန္ရင္ တစ္မိနစ္ကို ၈၀ က်ပ္ ေပးမယ့္ အစီအစဥ္ပါဝင္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

Grab ယာဉ်မောင်းတွေအတွက် Better 365 အစီအစဉ်ပြုလုပ်လိုက်ကြောင်း သိရပါတယ်။

ပလက်တီနမ်အဆင့် ယာဉ်မောင်းတွေအတွက် အထူးအစီအစဉ်၊ မိတ်ဖက်ယာဉ်မောင်းတွေ အတွက် GrabBenefits အစီအစဉ်နဲ့ စွမ်းဆောင်ရည်မြင့် ယာဉ်မောင်းတွေအတွက် အပတ်စဉ်အပိုဆု အစီအစဉ်စတဲ့ အပိုင်း သုံးပိုင်းနဲ့ အကျိုးခံစားခွင့်ကို တစ်နှစ်တာအတွင်း ၃၆၅ ရက်လုံး ရယူခံစားနိုင်မယ်လို့ Grab ရဲ့ Training Manager ဦးမျိုးသိန်းကပြောပါတယ်။ “ဇူလိုင် ၂ ရက်ကနေစပြီး ခံစားခွင့် ရရှိမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပလက်တီနမ်အဆင့် ယာဉ်မောင်းတွေအတွက် အထူးအစီအစဉ်မှာ ဆုကြေးငွေ၊ မေတ္တာလက်ဆောင် အစရှိတာတွေ ပါဝင်ပါတယ်။ GrabBenefits အစီအစဉ်မှာ အစားအသောက်၊ ကားပြုပြင်ထိန်းသိမ်းရေး၊ မိုဘိုင်းဖုန်းပြုပြင်ရေး ဝန်ဆောင်မှု အစရှိတာတွေ ပါဝင်ပါတယ်။ စွမ်းဆောင်ရည်မြင့် ယာဉ်မောင်းတွေအတွက် အစီအစဉ်မှာ ပေးနေကျ အပတ်စဉ်အပိုဆု ကြေးအပြင် On the spot ဆုကြေးလို့ နာမည်ပေးထားတဲ့ အစီအစဉ်ပါဝင်ပြီး ခရီးသည်တစ်ဦးကို သွားရောက်ကြိုပေးရတဲ့ ခရီးအတွက် အချိန် ၁၀ မိနစ်ထက် ကျော်လွန်ရင် တစ်မိနစ်ကို ၈၀ ကျပ် ပေးမယ့် အစီအစဉ်ပါဝင်ကြောင်း သိရပါတယ်။

-ထွန်းထွန်း