Grab မှ Head of Sales and Business Development ဖြစ်သူ ကိုမင်းထွန်းလှမော်နှင့် တွေ့ဆုံခြင်း

Grab မှ ထပ်မံထည့်သွင်း ပြုလုပ်ထားတဲ့ နည်းပညာအသစ် တွေနဲ့ပတ်သက်ပြီး Grab မှ Head  of Sale and Business Develop-ment ဖြစ်သူ ကိုမင်းထွန်းလှမော်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

Grab က ပြုလုပ်နေတဲ့နည်း ပညာအသစ်ဆိုတာဘာလဲ။

အခုဆက်လုပ်မယ့်နည်း ပညာက Premium Rentals by Grab ပါ။ အဲဒါကဘာလဲ ဆိုရင်အခုဆို Taxi လုပ်နေတယ်။ တချို့ Customer တွေ များသောအားဖြင့် Business User တွေအပြင် ပြည်ပခရီးသွားတွေဟာဆိုရင်
ကားကြီးကြီးလိုချင်တာရှိတယ်။  ဒါမှမဟုတ်ရင်လည်း ကောင်းတဲ့သန့်တဲ့ ကားလိုချင်တာရှိတယ်။ အဲလိုမျိုးတွေအတွက် Premium Rentals ကိုပြုလုပ်တာဖြစ်တယ်။ လောလောဆယ်တော့ စမ်းသပ်ကာလဖြစ်ပြီး ဒီဆားဗစ်က Grab
ကနေပြီးတော့ Local Transportation Partner တွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ကားတွေကို ကျွန်တော်တို့ Plantform ကို တင်ပေးလိုက်တယ်။ တင်ပေးလိုက်တဲ့အချိန်မှာ User တွေကနာရီနဲ့ အလိုက်သုံးလို့ရတယ်။ အခုလောလော ဆယ်တော့ ရန်ကုန်မြို့အတွင်း စမ်းသပ်ဆဲဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ရန်ကုန်မြို့ပြင်အထိသွားဖို့နဲ့ စီးပွားရေးကိစ္စနဲ့လာတဲ့ ပြည်ပဧည့်သည်တွေ Business Partner တွေအတွက် နာရီနဲ့ ယူသွားတာ သူတို့အတွက် ပိုအဆင် ပြေတယ်။ ယဉ်မောင်းအတွက်လည်း အဆင်ပြေတယ်။ ကျွန်တော်တို့ရဲ့ local partner တွေပုံမှန်ဆိုရင်သူတို့ က နည်းပညာ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့နဲ့ ပူးပေါင်းလိုက် တာပါ။

သာမန်မောင်းနှင်နေတဲ့ပုံမှန် ယဉ်မောင်းတွေနဲ့ အခုပြုလုပ် လိုက်တဲ့ ယဉ်မောင်းတွေအနေနဲ့ ဆားဗစ်ပိုင်းမှာ ဘယ်လိုတွေ ကွာခြားချက်ရှိလဲ။

Training ကတော့ ဒီလို မျိုးပါဘဲ။ ဆားဗစ်ကတော့ ခရီးသွားတွေ၊ Business User တွေ၊ ပြည်ပခရီးသွားတွေရှိမယ်။ အင်္ဂလိပ်လို မပြောတတ်တဲ့ အရှေ့တောင်အာရှ ခရီးသွားတွေ ယဉ်မောင်းတွေက အင်္ဂလိပ်လို ပြောတတ်ပေမယ့်လည်း ပြောဆိုဆက်ဆံရာမှ နည်းနည်းခက်ခဲတယ်။ Driver တွေကို ထပ်ပြီးတော့ သင်တန်းကိုပို့။ Application ကိုလည်း ပိုင်ပိုင်နိုင်နိုင်သုံးတတ်တယ်။ နာရီနဲ့ချိတ်ဆက်ပြီး အသုံးပြုရတဲ့အတွက် ပိုပြီးတော့ပေးနိုင်တဲ့ ဆားဗစ်ရှိမှာ ဖြစ်ပါတယ်။ ပြည်ပဧည့်သည် တွေအတွက်ကို ပိုပြီးတော့ ဆားဗစ်ပေးထားပါတယ်။

ဒီဝန်ဆောင်မှုကရော ဘယ် လောက် အတိုင်းအတာထိ သွား ဖို့ရှိပါသလဲ။

အခုကတော့ စမ်းသပ်ကာလ Beta Version အနေနဲ့ ၃ လ လောက်အထိ သွားဖို့ရှိပါတယ်။ အဲဒါပြီးသွားရင်တော့ ရန်ကုန်မြို့ထဲမှာပဲ ဒီဆားဗစ်ကို သုံးမလား၊ ဒါမှမဟုတ် ရန်ကုန်မြို့ပြင်နဲ့ တစ်နိုင်ငံလုံး အနေအထားပေးနိုင်မလားဆိုတာကို ပြန်ပြီးစီစဉ်သွားဖို့ရှိပါတယ်။

ဒီဆားဗစ်အပေါ်မှာရောအ ခု ဘယ်ဝန်ဆောင်မှုမျိုးတွေ ပေးနေပါသလဲ။

အဓိကကတော့ ဒီ ဆားဗစ်ကို မိတ်ဆက်တဲ့ ကာလဖြစ်တဲ့အတွက် ပရိုမိုးရှင်းတွေလည်း ပေးနေပါတယ်။ ဒီဆားဗစ်ကိုစမ်းသပ် အသုံးပြုဖို့ Premium On Demand ဆိုတာ မြန်မာပြည်မှာ ဘယ်သူမှ မလုပ်ခဲ့ဘူးပေါ့။ များသောအားဖြင့် နည်းပညာအနေနဲ့ အဆင်သင့် မဖြစ်ခဲ့ကြလို့ပါ။ များသော အားဖြင့် ဖုန်းနဲ့ချိတ်ဆက်ပြီး သွားနေတာဆိုတော့ အခုလို Application ကို ဖွင့်လိုက်ပြီးပြု လုပ်ရုံနဲ့ အသုံးပြုနိုင်မှာပါ။

အခုပြုလုပ်တဲ့ ဆားဗစ်ရဲ့ရည် ရွယ်ချက်ကို သိချင်ပါတယ်။

ဒီဆားဗစ်ကို ပြုလုပ်တဲ့ ရည်ရွယ်ချက်က ၂ မျိုးရှိပါတယ်။ Grab Taxi လိုမျိုးကနေ့စဉ်သုံးပေါ့။ နေစဉ်သုံးဆိုတာက ၀န်ထမ်းလို၊မိ သားစုလို၊ လူငယ်တွေက ၂ ယောက်၊ ၃ ယောက် အဲလိုသွားတဲ့ ပုံစံမျိုးပေါ့။ ကားအရေအတွက်လည်း မျာတဲ့အတွက် မြန်မြန်ရောက်လာမယ်။ သွားလို့ရမယ့် ပုံစံပါ။ Grab Taxi ကပေးထားတဲ့ ဆားဗစ်လည်းရမယ်။ Pre-mium ဆားဗစ်ကကျတော့ ၄ ယောက်ထက် များသွားတာနဲ့ သွားချင်တဲ့နေရာက Point A ကနေ Point B ကို ပတ်ခေါ်ရတာရှိမယ်။ ပိုပြီးတော့ သင့်တော်တဲ့ Premium ဆားဗစ်ပါ။ အဲဒါကတော့ ပြည်တွင်းအနေနဲ့ အသုံးပြုလို့ရတဲ့ပုံစံအပြင် နိုင်ငံခြားခရီးသွားတွေ အနေနဲ့လည်း အဆင်ပြေအောင် ပြုလုပ်ထားတဲ့ ဆားဗစ်တစ်ခုပါ။

Security ပိုင်း ပြောင်းလဲထားတာနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါအုံး။

Grab ရဲ့ Mission တွေထဲမှာ တစ်ခုဖြစ်တဲ့ Safely အတွက်ကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာအောင်လို့ အပိုင်း ၂ ပိုင်းထားရှိပါတယ်။ တချို့ဟာတွေက Technology နဲ့ ပြုလုပ်မယ့်ဟာနဲ့ တချို့ဟာတွေက Operation
နဲ့မူတည်ပြီးတော့ ဘယ်လိုပိုပြီးတော့ Safe ဖြစ်အောင် လုပ်မလဲပေါ့။ Technology Feature တွေမှာ Safely Center ဆိုပြီးတော့ App ထဲမှာရှိနေပြီ။ အဲ့ထဲမှာ အရေးပေါ် ဆက်သွယ်နိုင်တဲ့ အခြားတစ်ယောက် ဖုန်းနံပါတ် တွေထည့်
လို့ရမယ်။ ကိုယ်သွားတဲ့ လမ်းကြောင်းတွေကို Share လို့ရမယ်။

တကယ်အရေး ကြုံလာရင် ဆက်သွယ်နိုင်မယ့် အရေးပေါ် ကူညီရေးဖုန်းနံပါတ်တွေကိုလည်း ဆက်လို့ရတာ တွေရှိပါတယ်။ ထပ်ပြီးဘာတွေပါ လာလဲဆိုတော့ ယာဉ်မောင်း အတွက်ရော ခရီးသည်အတွက်ပါ ယာဉ်မောင်းအတွက်
ဆိုရင် တချို့ယာဉ်မောင်းတွေဆိုရင် ကြာလာတဲ့အချိန်မှာ သူတို့အ ကြာကြီးမောင်းနေတယ်ဆိုတာ သိတဲ့အတွက် Notification တွေ ပြပြီးတော့ မောင်းတာကြာပြီခ ဏနားပါအုံးဆိုပြီး အဲလို Feature တွေ
ရှိသလို ခရီးသည်ဆိုလည်း System ကနေ လိုက်ကြည့်နေပြီးတော့ လမ်းကြောင်းသွေဖည်တာမျိုးဖြစ်လို့ ရှိရင် အသိပေးတာမျိုး၊ အဲ Feature ကတော့ မိတ်ဆက်ဖို့တော့ အစီအစဉ်ရှိပါတယ်။ အဲဒါကတော့ ဒီနှစ်ထဲဖြစ်ဖို့များပါ တယ်။

Grab အနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အကြောင်းများရှိရင် ပြောပြပါအုံး။

Grab App က ၂၀၁၉ ကနေစပြီး Everday super App။ အဲဒါကတော့ နေ့စဉ်သုံး Application ကို သွားဖို့ရည်ရွယ်ထားတာရှိပါ တယ်။ တခြားနိုင်ငံတွေမှာဆို Grab က Transportation တင်မက တခြားဆားဗစ်တွေပါရှိတယ်။
သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာတွေကို ဆားဗစ်ပေးတယ်။ ဒီမှာလည်းဆက်ပြီး တိုးချဲ့ချင်တယ်။ ကျွန်တော်တို့ကျွမ်းတဲ့အလုပ်က Platform ကို ပြုလုပ်တာကျွမ်းတဲ့အတွက် Technology Partner၊ အဲတော့ ကျွန်တော်တို့ Partner ရှာတယ်။ ရှာတဲ့အချိန်မှာ ၂၀၁၈ မှာ Booking.com နဲ့  Partner ဖြစ်သွားတယ်။ ကျွန်တော်တို့ Partner ၂ ခုလုံးကို ပူးပေါင်းလိုက်တဲ့အခါ Booking.com မှာ ဟိုတယ်တွေ Book လုပ်နေတဲ့သူတွေကလည်း Grab
ရှိတဲ့နိုင်ငံတွေမှာဆိုရင် Grab ကို အလွယ်တကူ စီးလို့ရမယ်။ Grab User တွေကလည်း Booking.com ရဲ့ ပေးထားတဲ့ Hotel listing တွေအကုန်လုံးကို Grab App ရဲ့တစ်နေရာထဲကြည့်လို့ရအောင် Integrate လုပ်ထားတယ်။ အဲဒါက Grab ရှိတဲ့ တခြား ၆ နိုင်ငံမှာမိတ်ဆက်ပြီး ပြီမြန်မာရယ် ကမေ႓ာဒီးယားရယ်က ဒီလကုန် လောက်မှာ မိတ်ဆက်သွားဖို့ရှိပါတယ်။ အဲကျရင် မြန်မာပြည်က User တွေဖြစ်ဖြစ် ဒါမှမဟုတ် Grab ရဲ့ South East Asia ၈ နိုင်ငံ
ကသူတွေ အကုန်လုံးက Grab App ကို ဖွင့်ပြီးတော့ မြန်မာပြည်မှာ ဘယ်မှာ Hotel နေထိုင်နိုင်မလဲ ဆိုတာကို Grab App ထဲက တစ်ခါတည်း Book ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

-ဝေဝေ