Grab မှ မိတ်ဖက်ဆိုင်လုပ်ငန်းများအား ဆုအမျိုးအစားခေါင်းစဉ် ၁၀ ခုဖြင့် ဆုပေးအပ်

Grab မှ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကာလအတွင်း စားသုံးသူနဲ့ အစားအသောက်ပို့ဆောင်သူများ အကြား ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးအပ်ခဲ့တဲ့ မိတ်ဖက်ဆိုင်လုပ်ငန်းတွေကို ဆုအမျိုးအစား ခေါင်းစဉ် ၁၀ ခုနဲ့ ရွေးချယ်ပြီး ဆုတွေပေးအပ်ခဲ့ပါတယ်။

Big Heart Award ကို အမေ့အိမ်စားသောက်ဆိုင်ကလည်းကောင်း၊ Local Hero Award ကို The District Coffee Lounge က လည်းကောင်း၊ 5-Stars Merchant Award ကို Seoul Chicken က လည်းကောင်း၊ Most Loved by Bikers (YGN) ဆုကို Lotteria က လည်းကောင်း၊ Most Loved by Bikers (MDY) ဆုကို SP Bakery ကလည်းကောင်း၊ Green Merchant Award ကို Café Salween က လည်းကောင်း၊ COVID-19 Safety Award ကို The Pizza Company က လည်းကောင်း၊ Mandalay Merchant of the Year ဆုကို စန္ဒာမေ (၇၉ လမ်း) က လည်းကောင်း၊ Digital Rising Star ဆုကို J’Donuts နဲ့ GrabMart Merchant of the Year ဆုကို Beauty & Me ကလည်းကောင်း အသီးသီး ရရှိခဲ့ပါတယ်။

GrabFood ဝန်ဆောင်မှုကို ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာ မန္တလေးမြို့မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ စတင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««