Grab မှ နေ့စဉ်သုံး လိုအပ်ချက်အားလုံ းသုံးနိုင်မည့် Super App တစ်ခုအဖြစ် ဝန်ဆောင်မှုပေးသွားမည်

Grab အသုံးပြုသူများအနေနဲ့ Grab App မှ တစ်ဆင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများမှစပြီး အစားအသောက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအထိ အမျိုးမျိုးသော ဝန်ဆောင်မှုများကို လွယ်ကူစွာ အသုံးပြုနိုင်သကဲ့သို့ Grab အနေနဲ့ နေ့စဉ်သုံးလိုအပ်ချက်အားလုံးအတွက် သုံးနိုင်မယ့် Super App တစ်ခုအဖြစ် ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။

“Grab အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ လူနေမှုဘဝ အရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် အမြဲတမ်း ကြိုးစားနေပြီးတော့ ဘယ်လူမှုအသိုက်အဝန်းအတွက်မဆို ကောင်းမွန်တဲ့ အကျိူးရလဒ်တွေ ရရှိဖို့အတွက် ဆက်လက်အားထုတ်လုပ်ဆောင်သွားမှာပါ။ ၂၀၁၉ ခုနှစ်အတွင်းမှာ Grab က အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို မိတ်ဆက်ပေးနိုင်ခဲ့လို့ ကျွန်မတို့အတွက် တကယ်ကို အမှတ်ရစေမယ့် နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နေ့စဉ်လိုအပ်ချက်အားလုံးအတွက် သုံးနိုင်မယ့် Super App တစ်ခုအနေနဲ့ ကျွန်မတို့ Grab မှာ အစားအသောက်ဝန်ဆောင်မှုတွေ၊ အက်ပလီကေးရှင်းအတွင်းကနေပဲ ဟိုတယ်အခန်းတွေ တိုက်ရိုက်ဘွက်တင်နိုင်တဲ့ ဝန်ဆောင်မှုနဲ့ ကျွန်မတို့ရဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေထဲ အဆင့်မြင့် Premium ယာဉ်တွေ ငှားရမ်းနိုင်တဲ့ ဝန်ဆောင်မှုတွေကို တိုးချဲ့မိတ်ဆက်ခဲ့ပါတယ်။

နေ့စဉ်လိုအပ်ချက်အားလုံးသုံး Super App တစ်ခုအဖြစ် Grab ရဲ့တည်ရှိမှုကို ပိုမို ခိုင်မာစေဖို့နဲ့ မြန်မာနိုင်ငံ ရှေ့ကို ပိုပြီး တိုးတက်စေမယ့် တွန်းအားအဖြစ် Grab အနေနဲ့ ဝန်ဆောင်မှုအရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှု အဆင့်အတန်းကို ဆက်ပြီး အလေးထားဆောင်ရွက်သွားမှာပါ။ နည်းပညာပိုင်းသာမက ပိုပြီး စုံလင်တဲ့ ပလက်ဖောင်းဖြစ်ဖို့ တိုးချဲ့မှုအပိုင်းတွေနဲ့ မိတ်ဖက်ပူးပေါင်းလုပ်ကိုင်တဲ့ အပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက် လုပ်ဆောင်ရင်းနဲ့ Grab ရဲ့ ဂေဟစနစ်ကို တိုးချဲ့သွားမှာဖြစ်ပါတယ်” လို့ Grab Myanmar ရဲ့ Country Head ဖြစ်သူ Cindy Toh က ပြောပါတယ်။

၂၀၁၉ ခုနှစ်အတွင်း Grab အနေနဲ့ GrabTaxi ခရီးစဉ်များအတွက် ခရီးသည်များ အငှားယာဉ်များ ဖုန်းခေါ်ဆိုငှားရမ်းနိုင်တဲ့ GrabTaxiCall ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွားဧည့်သည်များနဲ့ မိသားစုများမှ အဆင့်မြင့် ၇ ယောက်စီး မီနီဗန်ယာဉ်များနဲ့ ၄ ယောက်စီး Sedan ယာဉ်များကို နာရီအလိုက်နဲ့ တစ်နေ့တာလုံး ငှားရမ်းအသုံးပြုနိုင်တဲ့ Premium Rentals (Beta) ဝန်ဆောင်မှု၊ Grab အသုံးပြုသူများအတွက် GrabRewards ပုံစံအသစ်နဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များအတွက် ဟိုတယ်နှင့် တည်းခိုရန်နေရာများကို အက်ပလီကေးရှင်းမှ တိုက်ရိုက် ဘွတ်ကင်တင်နိုင်မယ့် Hotels လုပ်ဆောင်ချက်များ အပါအဝင် Grab မှ မိတ်ဖက်ယာဉ်မောင်းများအတွက် အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ငွေသွင်း၊ ငွေထုတ် ပြုလုပ်နိုင်တဲ့ Instant Cash Out စနစ်၊ မိတ်ဖက်ယာဉ်မောင်းများနဲ့ ခရီးသည်များအတွက် မြန်မာ့အာမခံကုမ္ပဏီမှ အာမခံနစ်နာကြေး ပြန်လည် လျှောက်ထားနိုင်တဲ့ တစ်ကိုယ်ရေထိခိုက်မှုအာမခံနှင့် အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်တဲ့ GrabFood ဝန်ဆောင်မှုတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် Grab For Good လုပ်ငန်းစဉ်အောက်ရှိ လှုပ်ရှားမှုအနေနဲ့ လိုအပ်သူများအတွက် နည်းပညာကို အသုံးပြုကာ Grab ပလက်ဖောင်းအား အသုံးပြုခွင့် ရရှိစေဖို့ တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ချို့တဲ့နွမ်းပါးသူများအတွက် လိုအပ်သောဝန်ဆောင်မှုများပံ့ပိုးခြင်း ကဲ့သို့သော အစရှိတဲ့ လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

-ရဲထွဋ်ဝင်း