Grab တက္ကစီစီးပြီး Samsung ဆိုင်များသို့ သွားရောက်ရသည့် ပြိုင်ပွဲကျင်းပမည်

Grab တက္ကစီ စီးပြီး Samsung အမှတ်တံဆိပ်ဆိုင်တွေကို သွားရောက်လည်ပတ်ရတဲ့ ပြိုင်ပွဲတစ်ရပ် ကျင်းပမယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲကို Grab-A-Note Race လို့ နာမည်ပေးထားပြီး Grab နဲ့ Samsung Myanmar တို့ပူးပေါင်း ကျင်းပတာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်မြို့မှာကျင်းပမယ့် အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံဈေးကွက်ကို မကြာသေးခင်က ရောက်ရှိခဲ့တဲ့ Samsung Galaxy Note 8 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းနဲ့ Grab application အသုံးပြုပြီး အငှားယာဉ်ငှားရမ်းတဲ့ အလေ့အထ ပိုမိုတွင်ကျယ်ဖို့ ရည်ရွယ်ကျင်းပတာ လို့ဆိုပါတယ်။ Amazing Race ရုပ်သံအစီအစဉ်မှ ကစားနည်းအတိုင်း ပြိုင်ပွဲဝင်ရမှာဖြစ်ပြီး ပြိုင်ပွဲနေ့ မှာ Grab Taxi အသုံးပြုပြီး ရန်ကုန်မြို့တွင်းမှာရှိတဲ့ Samsung ဆိုင် ၆ ဆိုင်ရာတွေကို သွားရောက်ကာ သဲလွန်စတွေကို ဖြေဆိုဖို့ အဆင့်ဆင့် သွားရောက် ရမှာဖြစ်ပါတယ်။ နောက်ဆုံးဆိုင်တည်နေရာကို ပထမဆုံးရောက်ရှိလာတဲ့အဖွဲ့က အနိုင်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ပြိုင်ပွဲကြာမြင့်မယ့် အချိန်အတွက် အသုံးပြုဖို့ Grab တက္ကစီတွေကို ပံ့ပိုးပေးထားမှာဖြစ်ကြောင်း၊ ပြိုင်ပွဲ ကို ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်တွေကို စတင်ဖိတ်ခေါ်နေပြီ ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်ကနေ ၇ ရက်အတွင်း Grab App အသုံးပြုပြီးတက္ကစီ အနည်းဆုံး တစ်ကြိမ်စီးဖူးသူတိုင်း ပါဝင်နိုင်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာပါဝင်ဖို့ အရွေးချယ်ခံရသူတိုင်းကို ကျပ် သုံးသောင်း တန်ဖိုးရှိ ပရိုမိုးရှင်းကုတ်တွေ ပေးအပ်မှာဖြစ်ပြီး အနိုင်ရရှိတဲ့အဖွဲ့ကို Samsung Galaxy Note 8 စမတ်ဖုန်း တစ်လုံးစီပေးအပ်မယ်လို့ သိရပါတယ်။

-ထွန်းထွန်း