Grab က ရွှေတောင်ဆောက်လုပ်ရေးနှင့် ပူးပေါင်း

Grab တက္ကစီဝန်ဆောင်မှုအနေနဲ့ ရွှေတောင်ဆောက်လုပ်ရေးနဲ့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းနှစ်ခု ပူးပေါင်းပြီး Grab Taxi ဂိတ်တွေထားရှိ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ ဈေးဝယ်စင်တာတွေမှာ လာရောက်လည်ပတ် သူတွေအတွက် ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဈေးဝယ်စင်တာတွေအနေနဲ့ Junction 8, Junction City, Junction Square, Junction Mawtin, Junction Zawana တို့မှာ ထားရှိပေးပြီး ရုံးအဆောက်အဦတွေ အနေနဲ့ Junction City Tower, Union Business Centre, Union Financial Centre တို့မှာ ထားရှိတယ်လို့ သိရပါတယ်။

“Grab က ရွှေတောင် ဆောက်လုပ်ရေးနဲ့ ပူးပေါင်းပြီး မိတ်ဖက်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Junction Centre Group ထဲမှာ ပါဝင်တဲ့ ရှော့ပင်းစင်တာတွေနဲ့ အပြင်ထွက်ရတာများတဲ့ ရုံးခန်းအဆောက်အဦးတွေမှာ Grab ဂိတ်တွေရှိနေပါပြီ” လို့ Grab Myanmar ရဲ့ Country Manager ဖြစ်သူ Mr Amrt Sagar က ပြောပါတယ်။ အခုနှစ် တတိယ သုံးလပတ်ကနေ စတင်ပြီး အကောင်အထည် ဖော်ခဲ့ကြတာဖြစ်ပြီး အခြားစီးပွားရေးလုပ် ငန်းတွေနဲ့ပူးပေါင်းလုပ်ကိုင်ဖို့ ဆက်လက်ဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။

Grab အနေနဲ့ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့မှာ အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

-ထွန်းထွန်း