gpsONE နည္းပညာ

[ Zawgyi ]

gpsONE ဆိုတာကေတာ့ Qualcomm ကေန ဖန္တီးထုတ္လုပ္တဲ့ မိုဘုိင္း GPS chipset ရဲ႕ Brand နာမည္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီနည္းပညာက မိုဘုိင္းဖုန္းေတြကေနတစ္ဆင့္ သုံးစြဲသူရဲ႕တည္ေနရာကို တိတိက်က်နဲ႔ ျမန္ျမန္ဆန္ဆန္ သိရွိႏုိင္ဖုိ႔ ေထာက္ပံ့ေပးတာျဖစ္ပါတယ္။

A-GPS (Assisted-GPS) နည္းပညာကို အသုံးျပဳၿပီး အသုံးျပဳသူရဲ႕ တည္ေနရာကို ပိုိမိုတိက်စြာ ေဖာ္ျပေပးတာလည္း ျဖစ္ပါတယ္။ ဒီနည္းပညာကို အခုအခါမွာေတာ့ E911 (Enhanced-911) ဆားဗစ္လို႔ေခၚတဲ့ အေရးေပၚအေျခအေနေတြမွာ ဖုန္းရဲ႕တည္ေနရာကို ေထာက္လွမ္းသိရွိႏုိင္ဖို႔အတြက္ အဓိက အသုံးျပဳတာျဖစ္ပါတယ္။ ယခင္က ဆယ္လူလာဖုန္းေတြမွာ အသုံးျပဳခဲ့တဲ့ တည္ေနရာေထာက္လွမ္းမႈ စနစ္ေတြထက္ ပိုမို အသုံးျပဳလာတဲ့ နည္းပညာလို႔လည္း ဆိုပါတယ္။

GPS ၿဂိဳဟ္တုကေန ဖမ္းယူရရွိတဲ့ Signals နဲ႔ ဆဲလ္ဖုန္းေတြမွာ ပါ၀င္တဲ့ Signals ႏွစ္မ်ဳိးရဲ႕ ရလဒ္ေပၚမူတည္ၿပီး သုံးစြဲသူတည္ေနရာကို ဒီနည္းပညာက အတိအက် ညႊန္ျပေပးတာလည္းျဖစ္ပါတယ္။ gpsONE နည္းပညာက အစဥ္အဆက္အသုံးျပဳခဲ့တဲ့ GPS နည္းပညာထက္ ပိုမို အားသာတဲ့အခ်က္က Satellite Signals အတြက္ အေႏွာင့္အယွက္ျဖစ္ေစတဲ့ အေဆာက္အဦနဲ႔ လိုဏ္ေခါင္းလို အတားအဆီးျဖစ္ေစတဲ့ တည္ေနရာမ်ဳိးမွာေတာင္ ဖုန္းရဲ႕တည္ေနရာကို တိတိက်က် ညႊန္းျပေပးႏုိင္တာျဖစ္ပါတယ္။

gpsONE မွာ Standalone, MS Based, MS Assisted, MS Assisted/Hybrid ဆိုၿပီး ပုံစံေလးမ်ဳိးရွိပါတယ္။
Standalone က ဖုန္းမွာ မိုဘုိင္းကြန္ရက္ခ်ိတ္ဆက္မႈ လုံး၀ မရွိေတာ့အခါမ်ဳိးမွာ GPS Satellite Signals ကို အသုံးျပဳၿပီး ဖုန္းတည္ေနရာကို ေထာက္လွမ္းေပးတာျဖစ္ၿပီး MS Based ဖုန္းမွာ မိုဘုိင္းကြန္ရက္ရွိ အဆက္အသြယ္ရွိေနတဲ့အခ်ိန္မွာ GPS စနစ္နဲ႔တြဲဖက္ၿပီး တည္ေနရာကို ေဖာ္ျပေပးတာ ျဖစ္ပါတယ္။

MS Assisted က ဖုန္းမွာ မိုဘုိင္းကြန္ရက္ခ်ိတ္ဆက္ထားၿပီး သုံးစြဲသူအေနနဲ႔ GPS signals နဲ႔ Location Signals ေတြ တစ္ၿပိဳင္နက္ အသုံးျပဳဖို႔အတြက္ ဆာဗာကေန ပုံေသ Fix အေနနဲ႔ သတ္မွတ္လုပ္ေဆာင္တာ ျဖစ္ပါတယ္။ MS Assisted/Hybrid ကေတာ့ အေပၚကေဖာ္ျပခဲ့တဲ့ MS Assisted နဲ႔ လုပ္ေဆာင္ခ်က္ တူညီၿပီး ကြန္ရက္စနစ္ကေတာ့ သတ္မွတ္ခ်က္တစ္ခု အေပၚမွာသာ အသုံးျပဳႏုိင္တာမ်ဳိး ျဖစ္ပါတယ္။

[ Unicode ]

gpsONE ဆိုတာကတော့ Qualcomm ကနေ ဖန်တီးထုတ်လုပ်တဲ့ မိုဘိုင်း GPS chipset ရဲ့ Brand နာမည်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာက မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် သုံးစွဲသူရဲ့တည်နေရာကို တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် သိရှိနိုင်ဖို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။

A-GPS (Assisted-GPS) နည်းပညာကို အသုံးပြုပြီး အသုံးပြုသူရဲ့ တည်နေရာကို ပိိုမိုတိကျစွာ ဖော်ပြပေးတာလည်း ဖြစ်ပါတယ်။ ဒီနည်းပညာကို အခုအခါမှာတော့ E911 (Enhanced-911) ဆားဗစ်လို့ခေါ်တဲ့ အရေးပေါ်အခြေအနေတွေမှာ ဖုန်းရဲ့တည်နေရာကို ထောက်လှမ်းသိရှိနိုင်ဖို့အတွက် အဓိက အသုံးပြုတာဖြစ်ပါတယ်။ ယခင်က ဆယ်လူလာဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ တည်နေရာထောက်လှမ်းမှု စနစ်တွေထက် ပိုမို အသုံးပြုလာတဲ့ နည်းပညာလို့လည်း ဆိုပါတယ်။

GPS ဂြိုဟ်တုကနေ ဖမ်းယူရရှိတဲ့ Signals နဲ့ ဆဲလ်ဖုန်းတွေမှာ ပါ၀င်တဲ့ Signals နှစ်မျိုးရဲ့ ရလဒ်ပေါ်မူတည်ပြီး သုံးစွဲသူတည်နေရာကို ဒီနည်းပညာက အတိအကျ ညွှန်ပြပေးတာလည်းဖြစ်ပါတယ်။ gpsONE နည်းပညာက အစဉ်အဆက်အသုံးပြုခဲ့တဲ့ GPS နည်းပညာထက် ပိုမို အားသာတဲ့အချက်က Satellite Signals အတွက် အနှောင့်အယှက်ဖြစ်စေတဲ့ အဆောက်အဦနဲ့ လိုဏ်ခေါင်းလို အတားအဆီးဖြစ်စေတဲ့ တည်နေရာမျိုးမှာတောင် ဖုန်းရဲ့တည်နေရာကို တိတိကျကျ ညွှန်းပြပေးနိုင်တာဖြစ်ပါတယ်။

gpsONE မှာ Standalone, MS Based, MS Assisted, MS Assisted/Hybrid ဆိုပြီး ပုံစံလေးမျိုးရှိပါတယ်။
Standalone က ဖုန်းမှာ မိုဘိုင်းကွန်ရက်ချိတ်ဆက်မှု လုံးဝ မရှိတော့အခါမျိုးမှာ GPS Satellite Signals ကို အသုံးပြုပြီး ဖုန်းတည်နေရာကို ထောက်လှမ်းပေးတာဖြစ်ပြီး MS Based ဖုန်းမှာ မိုဘိုင်းကွန်ရက်ရှိ အဆက်အသွယ်ရှိနေတဲ့အချိန်မှာ GPS စနစ်နဲ့တွဲဖက်ပြီး တည်နေရာကို ဖော်ပြပေးတာ ဖြစ်ပါတယ်။

MS Assisted က ဖုန်းမှာ မိုဘိုင်းကွန်ရက်ချိတ်ဆက်ထားပြီး သုံးစွဲသူအနေနဲ့ GPS signals နဲ့ Location Signals တွေ တစ်ပြိုင်နက် အသုံးပြုဖို့အတွက် ဆာဗာကနေ ပုံသေ Fix အနေနဲ့ သတ်မှတ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ MS Assisted/Hybrid ကတော့ အပေါ်ကဖော်ပြခဲ့တဲ့ MS Assisted နဲ့ လုပ်ဆောင်ချက် တူညီပြီး ကွန်ရက်စနစ်ကတော့ သတ်မှတ်ချက်တစ်ခု အပေါ်မှာသာ အသုံးပြုနိုင်တာမျိုး ဖြစ်ပါတယ်။