GPS Map 585 Plus

အမေရိကန်ရေကြောင်းနည်းပညာသုံး Garmin GPS brand ရဲ့ GPS Map 585 Plus ဟာ အသုံးပြုလွယ်ကူပြီး ရေလုပ်ငန်းရှင်တွေအတွက် အသုံးဝင်ပါတယ်။ ငါးဖမ်းစက်လှေတွေမှာ တပ်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။ IPX7 ဖြစ်လို့ ရေစိုခံအကြမ်းခံ ဖြစ်ပါတယ်။ Sonar recording နဲ့ မှတ်သားထားနိုင်သလို ပြန်ကြည့်နိုင်တဲ့ Sonar history rewind စနစ်လည်း ထောက်ပံ့ထားပါတယ်။ ၆ လက်မ အရွယ် WSVGA ကာလာမျက်နှာပြင် ထောက်ပံ့ထားပြီး တီဗီနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ မြန်မာဘာသာစနစ်ပါဝင်ခြင်း၊ W600 ရေအောက်ကြည့်ဆိုနာနဲ့ ချိတ်ဆက်နိုင်သလို ရေဒါနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ Scanning Sonar Frequency အနေနဲ့ CHIRP 260/455/800kHz ဖြစ်ပြီး ရေအနက်အနေနဲ့ fresh water ဆိုရင် ပေ၂၃၀၀ နဲ့ ရေငံဆိုရင် ၁၁၀၀ ပေ အထိ ကြည့်ရှုနိုင်တဲ့ အားသာချက်တွေ ပါဝင်ပါတယ်။ မြန်မာစာနဲ့ အလွယ်တကူ သုံးနိုင်သလို မြန်မာနိုင်ငံရဲ့ ရေကြောင်းပြမြေပုံတွေလည်း ပါဝင်ပါတယ်။ SD Card Slot လည်း ထောက်ပံ့ပေးထားပါတယ်။ Waypoints-12000 , Routes -200, Track -100 အထိ မှတ်သားနိုင်ပါတယ်။ အရွယ်အစားက 176.0 mm x 190.0 mm x 66.0 mm ဖြစ်ပြီး အလေးချိန်က 816.0 g ရှိပါတယ်။

Concordia International Co., Ltd ဖုန်း – ၀၉ ၂၅၃ ၃၆၂ ၈၀၀ (နေပြည်တော်)၊၀၉ ၂၅၄၃၇၈၁၃၆ (မန်း) နဲ့ ၀၉ ၄၄၃၀၀ ၉ ၂၁၈ (ရန်ကုန်) တို့ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ