Gorilla Glass 6 ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံးဖုန်းကို OPPO မိတ်ဆက်မည်

[Zawgyi]




Ref: GSMArena

[Unicode]

Corning ဟာ နောက်ဆုံးပေါ်မျိုးဆက် Gorilla Glass ကို လွန်ခဲ့တဲ့နှစ်ပတ်က မိတ်ဆက်ကြေညာခဲ့တဲ့နောက် ဖုန်းထုတ်လုပ်သူတွေက အဆိုပါ မှန်အသစ်ကို အလျင်အမြန် အသုံးချဖို့ ပြင်ဆင်နေပါတယ်။ Corning ရဲ့အဆိုအရ အသစ်ထွက်မယ့် OPPO flagship ဖုန်းဟာ Gorilla Glass 6 ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Gorilla Glass 6 ကို အသုံးပြုလိုတဲ့ စမတ်ဖုန်းထုတ်လုပ်သူ အများအပြားရှိပြီး အဲ့ဒီအတွက် ကုမ္ပဏီတွေနဲ့ အနီးကပ်လုပ်ဆောင်နေတယ်လို့ Corning က ဆိုပါတယ်။

Gorilla Glass 6 ဟာ Gorilla Glass 5 ထက် နှစ်ဆပိုမို အကြမ်းခံနိုင်ပါတယ်။ ဒါကြောင့် Gorilla Glass 6 ဟာ အမြင့် ၁ မီတာကနေ ၁၅ ကြိမ်အထိ ပြုတ်ကျဒဏ်ခံနိုင်ပါတယ်။

Find X နဲ့ R15 တို့မှာ Gorilla Glass 5 ကို သုံးထားတာကြောင့် အသစ်ထွက်မယ့် OPPO flagship R17 မှာ Gorilla Glass 6 ပါဝင်လာဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

Ref: GSMArena